Wednesday, November 16, 2016

၂၀၁၉-၂၀ ဘဏ္ဍာနှစ်ကုန်တွင် ဆီဆိုင်-ပန်ကန်းစကားရှိ လမ်းပိုင်းအားလုံး ကတ္တရာလမ်းအဆင့်သို့ ရောက်ရှိမည်ဟု ဝန်ကြီးပြော

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်


နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆီဆိုင် မဲဆန္ဒနယ်မှ ဦးခွန်သန်းထူးက ဆီဆိုင်- ပန်ကန်းစကားလမ်းမှ ဆောင်ရွက်ရန်ကျန်ရှိနေသော ကျောက်ချောလမ်း (၃)မိုင်အား ကတ္တရာလမ်းအဖြစ်လည်းကောင်း၊ မြေသားလမ်း (၁၀)မိုင်အား ကျောက်ချောလမ်း အဖြစ်လည်းကောင်း ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင် က ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ဆီဆိုင်မြို့နယ်အတွင်း ဆောင်ရွက်ရန် ကျန်ရှိသောအပိုင်းများဖြစ်သည့် မိုင် ၄/၀ မှ ၇/၀ အထိ (၃) မိုင် မူလကျောက်လမ်းနှင့် အမာခံလမ်းအား ကတ္တရာလမ်းအဆင့် တိုးမြှင့်ခြင်း၊ မိုင် ၇/၀ မှ ၁၃/၀ အထိ (၆)မိုင် မူလမြေလမ်းအား ကျောက်လမ်းအဆင့်သို့ တိုးမြှင့်ခြင်းနှင့် မိုင် ၁၃/၀ မှ ၁၇/၀ အထိ (၄) မိုင်အား သတ်မှတ်လမ်း တာဘောင်အကျယ်ရရှိစေရန် မြေသားတာဘောင်တင်ခြင်း လုပ်ငန်းများအား ပြည်နယ်ရန်ပုံငွေ တင်ပြတောင်းခံ၍ ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကျန်ရှိနေသေးသည့် အပိုင်းများကိုလည်း လမ်းအဆင့်သို့ တိုးမြှင့်ခြင်းလုပ်ငန်းအား ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင်လည်းကောင်း စီမံချက်ရေးဆွဲ၍ ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်ကုန်တွင် တစ်လမ်းလုံး ကတ္တရာလမ်းအဆင့်သို့ ရောက်ရှိမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ကိုးကား- ပြည်သူ့လွှတ်တော်
Powered by Blogger.