Wednesday, November 9, 2016

ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၉)အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေသခံမိဘပြည်သူများနှင့်သွားရောက် တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်










အထူးဒေသ(၆) ကလောမြို့နယ်၊ အောင်ပန်းမြို့ မင်္ဂလာရပ်ကွက် အတွင်းရှိ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုရုံးခန်းမတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ၊ (PNO)ပါတီ တွဲဖက်အတွင်းရေးမှူး(၄) ဦးခွန်ကိုးနှင့်ဗဟိုရုံးဝန်ထမ်းများသည် ဒေသခံမိဘပြည်သူများအား သွားရောက် တွေ့ဆုံပွဲကို ၂၀၁၆-ခုနှစ်၊နိုဝင်ဘာလ(၉)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် ကလောမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဥက္ကဌဦးခွန်ညွန်းမှအဖွင့်အမှာ စကားပြောကြားပေးခြင်း၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေမှ လွှတ်တော်နှင့်ပတ်သက်သည့် အတွေ့အကြုံများ လွှတ်တော်ကိုယ်စားလှယ်များ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းများ လွှတ်တော်၏ဆောင်ရွက်ချက်များကို မိဘပြည်သူများ သိရှိနိုင်ရန်အတွက် အကျယ်တ၀င့် ရှင်းလင်းတင်ပြပေးခဲ့သည်။ ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ အတွင်းရေးမှူး(၄)ဦးခွန်ကိုးမှ မူးယစ်ဆေးဝါးပပျောက်ရေးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများကို မိမိတို့ဒေသတ၀န်းလုံးပပျောက်ရေးအတွက် အမျိုးသားရေးတာဝန်တရပ်အနေဖြင့် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း၍ ၀ိုင်းဝန်းပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာကြသော ဒေသခံမိဘပြည်သူများသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ ပညာရေး၊ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေး၊ရေရရှိရေးနှင့် မီးရရှိရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် နည်းလမ်းများကို တင်ပြမေးမြန်းရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေက ဆောင်ရွက်ပုံ ဆောင်ရွက်နည်းများကို အကျယ်တ၀င့်ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

ကလောမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌဦးခွန်သူတော်က ကျေးဇူးတင်အမှာစကားပြောကြားပေးခဲ့ပြီး တွေ့ဆုံပွဲအခမ်းအနားကို ပြန်လည်ရုတ်သိမ်းခဲ့သည်။ လူထုတွေ့ဆုံပွဲ အခမ်းအနားကို ကျေးရွာအုပ်စု ၅ အုပ်စု၊ ကျေးရွာ ၂၄ ရွာနှင့် အောင်ပန်းမြို့ဒေသခံမိဘပြည်သူများ(၆၀)ကျော်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.