Tuesday, November 29, 2016

အမျိုးသ္မီးခေါင်းဆောင်မှု (Women Leadership) သင်တန်းအောင်ပွဲကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်


















တောင်ကြီးမြို့ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်းတွင် ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး သင်တန်းကျောင်းနှင့် ပအိုဝ်းအမျိုးသ္မီးအဖွဲ့(PWO)တို့ ပူးပေါင်းဖွင့်လှစ်သော အမျိုးသ္မီးခေါင်းဆောင်မှု (Women Leadership)သင်တန်းကို ၂၀၁၆-ခုနှစ်၊ နိုဝင်ဘာလ၂၄ရက်နေ့မှစ၍ နိုဝင်ဘာလ၂၉ရက်နေ့အထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဆင်းအောင်ပွဲကို ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို)ဥက္ကဌ ဖြားခွန်ဝင်းကိုမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ သင်တန်းသူများအတွက် ရှမ်းပြည်နယ် ရဲမှူးချုပ်အောင်အောင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဖြားခွန်စံလွင်တို့က အားပေးစကားပြောကြားခြင်း၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ်ကတော်မှ ကြိုဆိုနုတ်ခွန်းဆက်စကား ပြောကြားပေးခြင်း၊ ပအိုဝ်းအမျိုးသ္မီး အဖွဲ့(PWO) ဗဟိုဥက္ကဌ နန်းမွိုးမွံမှ ကျေးဇူးတင်စကားပြောကြားခြင်းနှင့် သင်တန်းနည်းပြ ဆရာများအား လက်ဆောင်ပေးအပ်ခြင်း၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)၊ စည်းရုံးရေးတာဝန်ခံ နန်းခမ်ဗွာမှ အမေရိကန်နိုင်ငံ ရွေးကောက်ပွဲ အတွေ့အကြုံများကို ရှင်းလင်းတင်ပြခြင်း၊ သင်တန်းသူများကိုယ်စား ညိုးမွူးသင်တန်းသူများမှ အကပဒေသဖြင့် ဖျော်ဖြေကပြခြင်း၊ ပအိုဝ်းအမျိုသားဘက်စုံဖွံ့ဖြိုးရေး သင်တန်းကျောင်း သင်တန်းဆရာ ခွန်ကျော်ထွန်းမှ သင်တန်းဆင်းလက်မှတ်များကို  ပေးအပ်ခြင်း၊ သင်တန်းသူများကိုယ်စား နန်းလင်းမြတ်စိုးမှ ကျေးဇူးတင်းစကား ပြောကြားခြင်း၊ သင်တန်းမှူး ခွန်ရဲအောင်မှ သင်တန်းသူများအတွက် အမှာစကားပြောကြားပေးပြီး သင်တန်းဆင်းပွဲကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
ထို့နောက် ပအိုဝ်းအနုပညာအဖွဲ့ဖြစ်သည့် ခွန်ခမ်းခြိုင်၊ ခွန်ယောင်းယွာ၊ ခွန်ထွန်းမြင့်၊ ခွန်ဇော်၊ ခွန်ဂျုစ်၊ ခွန်စောင်းဝဲင်း၊ ခွန်အောင်ခင်တို့မှ လာရောက်အားပေး ဖျော်ဖြေတင်ဆက်ပေးခဲ့သည်။ ၎င်းသင်တန်းဆင်းပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နာယက ဖြားခွန်လာ၊ တွဲဖက်အတွင်းရေး(၃) ဖြားခွန်တင်ထွဋ်နှင့် ဗဟို ကော်မတီ အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ရဲမှူးချုပ်အောင်အောင်နှင့်အဖွဲ့များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဖြားခွန်စံလွင်နှင့်အဖွဲ့များ၊ ပအိုဝ်းအမျိုးသ္မီးများအဖွဲ့(PWO)များ၊ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ သင်တန်းနည်းပြများ၊ ဒေသပေါင်းစုံမှ သင်တန်းသူများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ နှစ်ရာကျော်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.