Friday, December 9, 2016

ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်(PNFF) ဥက္ကဌဖလား အငယ်တန်းနှင့် အကြီးတန်း အုပ်စုအဆင့် မဲနှိုက်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်





တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာ၌ နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသော ပအိုဝ်းအမျိုးသား ဘောလုံးအဖွဲ့ချုပ်(PNFF) ဥက္ကဌ ဖလားကို ဒီကနေ့ ဒီဇင်ဘာလ(၉)ရက်၊ သောကြာနေ့တွင် ယှဉ်ပြိုင်သွားရန် စာရင်းပေးသွင်းကြသော အွိုင်;အရန်း ဘောလုံးအသင်းများနှင့် ဝေင်,နယ်;အရန်း ဘောလုံးအသင်းများက အုပ်စုအဆင့် မဲနှိုက်ခဲ့ကြပါသည်။ ယခုနှစ်၌် အငယ်တန်း(အွိုင်;အရန်း)တွင် ဘောလုံးအသင်း(၇၇)သင်းရှိပြီး အုပ်စု(၂၆)အုပ်စုနှင့် အကြီးတန်း(ဝေင်.နယ်;အရန်း)တွင် ဘောလုံးအသင်း(၁၄)သင်းရှိပြီး အုပ်စု(၄)အုပ်စုရှိကြောင်း၊ ဘော်လီဘော နှင့် ပိုက်ကျော်ခြင်းကို ၁၈ ရက်တွင် စာရင်းပိတ် မဲနှိုက်မည် ဖြစ်ကြောင်း သိရှိရသည်။
(PNFF)ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ဖွင့်ပွဲနေ့၌ အငယ်တန်း(အွိုင်;အရန်း)တွင် အွိုင်;ဟိုနမ်းနှင့် အွိုင်;လွယ်တယ်တို့ သော်လည်းကောင်း၊ အကြီးတန်း (ဝေင်.နယ်;အရန်း)တွင် ကျောက်တလုံးကြီးနှင့် နောင်တရားတို့သော်လည်းကောင်း၊ ပင်လောင်းနှင့် တောင်ကြီးတို့ သော်လည်းကောင်း ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရန်အတွက် မည်သည့် ဘောလုံးအသင်းများမဆို နံနက်(၈း၀၀)နာရီတွင် အရောက်လာပေးပါရန် ပြိုင်ပွဲကျင်းပရေးကော်မတီက တိုက်တွန်းထားကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်

Powered by Blogger.