Wednesday, January 11, 2017

၁၂-၁-၂၀၁၇ ရက်နေ့တွင် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ပိတ်ပွဲနှင့် နောက်ဆုံးဗိုလ်လုပွဲစဉ် ကျင်းပမည်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၁၁) ရက်


အထူးဒေသ(၆) တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာအုပ်စု နောင်ကားဘောလုံးကွင်းတွင် နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲဖြစ်သော ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အကြီးတန်း/ အငယ်တန်း ဘောလုံးပြိုင်ပွဲကို ၂၀၁၆-ခုနှစ် ဒီဇင်ဘာလ ၁၄ရက်နေမှ စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၁၂) ရက်နေ့တွင် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ပိတ်ပွဲနှင့် အငယ်တန်း၊ အကြီးတန်း နောက်ဆုံးဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ပါသည်။ အဆိုပါဗိုလ်လုပွဲစဉ်များကို MRTV 4 မှ တိုက်ရိုက် ရိုက်ကူးထုတ်လွင့်သွားမည်ဖြစ်ကြောင်း Khun Paoh (Facebook) မှတဆင့် သိရှိပြီး မိဘပြည်သူများ ကြည်ရှုနိုင်ရန်အတွက် ထပ်ဆင့် အသိပေး အကြောင်းကြားအပ်ပါသည်။

အွိုင်းအရန်း ဗိုလ်လုပွဲစဉ်
(9:00) AM အွိုင်းသယ်လဲ vs အွိုင်းထီတခု

အကြီးတန်း ဗိုလ်လုပွဲစဉ်
(2:00) PM ကျောက်တလုံးကြီး  vs ပင်းတယ(ဓနုလူငယ်)

KAMyo (Ozil)



Powered by Blogger.