Sunday, January 8, 2017

တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲတွင် (၁၆)ကုတင်ဆန့် ဆေးရုံသစ် ပန္နက်ရိုက်အခမ်းအနားကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၈) ရက်










၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၇) ရက်၊ နံနက် ၉း၃၆ အချိန်တွင် တောင်ကြီးမြို့နယ်၊ ကျာက်တလုံးကြီးမြို့ရှိ အသစ်ဆောက်လုပ်နေသော ဆေးရုံသစ်အား ပန္နက်ရိုက်ခြင်းအခမ်းအနားပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွတ်တော် ဦးခွန်သိန်းဖေ၊ တောင်ကြီးမြို့နယ် ပြည်နယ်လွတ်တော် မဲဆန္ဒအမှတ်(၁) ဦးခွန်သူရအောင်၊ PNO အသွင်ပြောင်း ပြည်သူ့စစ်ဌာနေ(PNA) စစ်ကွပ်ကဲရေးမှူး ဦးခွန်မြင့်အောင်၊ အုပ်ချုပ်ရေးမှူး ဦးဧရာမင်း၊ မြို့မိမြို့ဖကိုယ်စား ဖြစ်သော ဦးခွန်ညွန့်မောင်၊ စခန်းမှူး ဦးအောင်မျိုးလွင် တို့မှပန္နက်ရိုက်ပေးခဲ့ပြီး ဤဆေးရုံသစ်အား လျှံထူးအောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်၍ မျိုးဆက်သစ် လူငယ်များအတွက် ဘောလုံးအားကစားသနာဝါကို ပိုမိုများပြားလာတင်မကပဲ ကျန်းမာရေးအပိုင်းကဏ္ဍတွင် အရေးပါနေသည့်အတွက် အသစ်တစ်ဖန်ဆောက်လုပ်နေသော ဘောလုံးကွင်းသစ်အားလိုက်လံကြည့်ရခဲ့ကြောင်း သတင်းရရှိပါသည်။

နယ်;ကူ ခွန်ဗီး

Powered by Blogger.