Thursday, February 9, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများက ဟိုပုံးမြို့နယ်ရှိ ဒေသခံပြည်သူလူထုများနှင့် တွေ့ဆုံပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်





ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများသည် (၈-၂-၂၀၁၇)ခုနှစ်၊ ဗုဒဟူးနေ့ နံနက်(၉း၃၀)အချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ နောင်တောင်း ပရဟိတကျောင်း၌ ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိပါသည်။
အခမ်းအနားတွင် ဦးစွာပထမ ကြွရောက်လာကြသော လူကြီးမင်းများနှင့် ဒေသခံပြည်သူတို့က ဟိုပုံးမြို့၊ နောင်တောင်းပရဟိတကျောင်း ကျောင်းထိုင်ဆရာတော်၊ ရန်ကင်းပရိယတ္တိစာသင်တိုက်၊ လွယ်တန့် ဘုန်းတော်ကြီးကျောင်းနှင့် နောင်တောင်ပရဟိတ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းရှိ ကျောင်းထိုင် ဆရာတော်များထံမှထံသို့ လှူဖွယ်ပစ္စည်များ ဆက်ကပ်လှူဒါန်းခြင်း၊ ငါးပါးသီလနှင့် သြ၀ါဒခံယူခဲ့ပြီး ဟိုပုံးမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးမင်းဟန် တို့မှ တတ်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ အခမ်းအနားကို တတ်ရောက်လာကြသော ဟိုပုံးမြို့ ရပ်ကွက်ပေါင်း (၆)ရပ်ကွက်နှင့် ဟိုပုံးမြို့နယ် ကျေးရွာအုပ်စုပေါင်း(၂၂)အုပ်စုရှိ ဒေသခံပြည်သူ လူထုများမှ ကျောင်း၊ ရေ၊ မီး၊ လမ်း၊ တံတား၊ ရေကန်၊ ၀န်းထမ်းအိမ်းရာနှင့် စိပ့်စမ်းရေသွယ်ယူခြင်းများ စသည့် ဒေသဖွံဖြိုးရေးနှင့် ပတ်သက်သည့် လိုအပ်ချက်များကို ဖတ်ကြား တင်ပြခဲ့ကြောင်းသိရပါသည်။
အဆိုပါအခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်အောင်ကျော်၊ အမှတ်(၁)ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ တို့မှ တတ်ရောက်  အမှာစကားပြောကြားခဲ့ပါသည်။
ထိုသို့ပြောကြားရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နေထိုင်လျက်ရှိသော တိုင်းရင်းသားများ အနေနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အတူတကွ လက်တွဲ ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတကါအဖွဲ့အစည်း NGO များ၊ ဒေသခံပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်လိုကြောင်း၊ နယ်စပ်တိုင်းရင်းသား ရေးရာဌာနအနေနှင့် ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံဖြစ်သော ကျောင်း၊ ရေ၊ မီး၊ လမ်း၊ တံတာ၊ ကျေးလက်ကျန်းမားရေးဌာနများ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ၊ စက်မှုလက်မှု လုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း၊  ပအိုဝ်းအမျိုးသားတပ်မတော်အနေနှင့်  မူးယစ်ဆေးဝါးပပျောက်ရန် အတွက် လုပ်ဆောင်ပေးနေပါကြောင်း၊ သဘာဝသစ်တော ပြန်လည်ဖွံ့ဖြိုးပေါများလာစေရန် ၀ိုင်းဝိုင်ထိန်းသိမ်းကြရန် လိုအပ်ကြောင်း၊ ပညာရေး အနေနှင့် ဘွဲ့ရပညာတတ်လူငယ်များ၊ အသိပညာ အတတ်ပညာရှင်များ မွေးထုတ်ပေးရန် လိုအပ်ကြောင်း စသည်တို့ကို ပြောကြာခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားကို ဟိုပုံးမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံရပ်မိရပ်ဖများ (၇၀၀)ကျော် တတ်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ခွန်ဒဒါဒါး

Powered by Blogger.