ပထမပိုင်းအစီစဉ်အခမ်းအနားအရ ရှမ်းပြည်နယ် မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးတင်မင်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ Myanmar Trillion Group Co., Ltd ဒေါက်တာဇော်မျိုးဆွေ မှ နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ကာနေ့လည် (၂)နာရီအချိန်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်တကွ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်အားပေးကာ၊ ရှမ်းပြည်နယ် မီးသတ်တပ်ဖွဲ့များမှ အထပ်မြင့်တိုက်မီးလောင်မှုဖြစ်ပွားသည့်အခါ တိုက်အတွင်း ပိတ်မိနေသူများအား မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် Jumping Sheet ပေါ်သို့ခုန်ချစေခြင်း၊ ငလျင်လှုပ်ခတ်မှုဖြစ်ပွားပါက ကယ်ဆယ်ရေးပြကွက်များ ပြသခြင်းနှင့် မော်တော်ယာဉ်များမတော်တဆ တိုက်မိပါက ကယ်ဆယ်ရေးပြကွက်များ ပြသခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံအပါအ၀င် တစ်ကမ္ဘာလုံးမှ သဘာဝဘေးန္တရာယ် ဖြစ်ပွားမှုအများစုမှာ ငလျင်လှုပ်ခတ်ခြင်းများ မကြာခဏဖြစ်ပေါ်လာသည်နှင့်အမျှ မြန်မာနိုင်ငံအတွင်း မြို့များဖြစ်သော ပုဂံငလျင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာတေငလျင်၊ မန္တလေးတိုင်း သပိတ်ကျင်းငလျင်၊ မကြာသေးမှီကပင်ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ငလျင်လှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦးများ ပြိုကျပျက်စီးခြင်း၊ လူအများထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးမှုများဖြစ်ပေါ်စေခဲ့ပါသည်။ အဆိုပါဖြစ်ပွားမှုနှင့်စပ်လျဉ်းပြီး နောက်နှောင်ဖြစ်ပွားလာမည့် ဘေးအန္တရာယ်များကာကွယ်နိုင်ရန်အတွက် ယခုလို လက်တွေ့သရုပ်ဖေါ်ပြသရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
နယ်;ကူ - ခွန်ဗီး
Like On Facebook
Follow On Twitter
Subscribe On RSS