Wednesday, March 29, 2017

ရေမီတာ တပ်ဆင်နိုင်ရန်အတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၃၀) ရက်




ဟိုပုံးမြို့ ရေမီတာ တပ်ဆင်နိုင်ရန်အတွက် (၂၉-၃-၂၀၁၇)ခုနှစ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ပြုလုပ်ကျင်းပခဲ့ပါသည်။ ထို အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးအဖွဲ့ဝင်၊ ဟိုပုံးမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဟိုပုံး) ဥက္ကဌ ဦးခွန်မောင်ဖြူ၊ ဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီများ၊ နယ်မြေအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ရေမီတာ တပ်ဆင်နိုင်ရန်အတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့သည်ရေစစ်ကန်၊ ရေသိုလှောင်ကန်များကို ကုန်းမြင့်ပေါ်တွင် တည်ဆောက်ထားပြီး ရေစစ်ကန်မှ ရေသိုလှောင်ကန်သို့ သန့်ရှင်းသောရေများကို မီး၊ မော်တာ၊ အင်ဂျင်များ မလိုအပ်ဘဲ ရေဖိအား၊ ရေ၀ိတ်အားဖြင့် ပြည်သူများထံ ဘားစနစ်ဖြင့် ပေးပို့သော မြို့တစ်မြို့ဖြစ်ကြောင်း၊ ထိုသို့ ရေဖိအားရေ၀ိတ်အားဖြင့် ပေးသောစနစ်ကြောင့် မြေနိမ့်ပိုင်းကျရောက်သော ရပ်ကွက်နေအိမ်များမှာရေကို လိုအပ်သည်ထက်သုံးစွဲမှု၊ ထပ်ဆင့်ရောင်းစားခြင်း၊ ရေဖြင့်စီးပွားရေးအမျိုးအမျိုးရှာခြင်း၊ မော်တာဖြင့် သိုလှောင်ကန်သို့ မောင်းတင်ခြင်းနှင့် ရေကိုစနစ်တကျ သုံးစွဲမှုမရှိခြင်းကြောင့် ကုန်းမြင့်ရပ်ကွက်ရှိ နေအိမ်များမှာ ရေမရရှိမှုများ မရှိစေရေးနှင့် ပြည်သူများရေကို တပြေညီရေရရှိမှုနှင့် စနစ်တကျ ရေသုံးစွဲတတ်စေရန် ရည်ရွယ်၍ ရေမီတာ တပ်ဆင်နိုင်ရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ခွန်ဒဒါဒါး
Powered by Blogger.