Tuesday, March 28, 2017

စီးပွားဖြစ် စတော်ဘယ်ရီ စိုက်ပျိုးခြင်း

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၂၈) ရက်



စတော်ဘယ်ရီသီးသည် အထူးဒေသ(၆)ပအိုဝ်းဒေသတွင် အများအပြားစိုက်ပျိုးလေ့ရှိပြီး စစိုက်ပျိုးချိန်မှာ တော်သလင်းလဖြစ်ကာ တန်ခူး-ကဆုန်လအထိကြာရှည်ခံစိုက်ပျိုးနိုင်မှာဖြစ်၍ စတော်ဘယ်ရီသီး၏ ပျိုးပင်သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် စောက္ကဆျား-တလျနွိုးဘက်တွင် ၀ယ်ယူရရှိနိုင်မှာဖြစ်ပါသည်။
ပအိုဝ်းဒေသအတွင်း အများအပြားစိုက်ပျိုးသည့်ဌာနေများတွင် တောင်ကြီးမြို့နယ် နမ်းဆီး-နောင်လေ ကျေးရွာအုပ်စုအတွင်း ပင်ငိုကျေးရွာနှင့် စခဲ(၆)မိုင်၊ ထီဗွာကျေးရွာ၊ ကက္ကူ၊ ဖါမွန်း၊ ဟိုပုံးမြို့နယ်တို့တွင် စိုက်ပျိုးလေ့ရှိပြီး စတော်ဘယ်ရီစက်ရုံတည်ရှိရာသည် တောင်ကြီးမြို့နယ် နမ်းဆီးကျေးရွာအုပ်စု ပင်ငိုကျေးရွာတွင်တည်ရှိပါသည်။
စတော်ဘယ်ရီသီး၏ အမျိုးအစားသည် သုံးမျိုးရှိပြီး သဘာဝသီးနှင့် ထိုင်ဝမ်အကြီးစား + အလတ်စားများဖြစ်သည်။ မြေနှင့်နေရာဒေသမရွေး စိုက်ပျိုးနိုင်မည်ဖြစ်ပါ၍ စတော်ဘယ်ရီသီး စပေါ်ချိန်သည် တစ်ခြင်း ၃၅၀၀နှင့် ၄၀၀၀ ၀န်းကျင်ရှိပြီး အရင်းအနှီးကုန်ကျစရိတ် နည်းပါးသည်၍ စိုက်ပျိုးရာမှာ လွယ်ကူသောကြောင့် မိဘပြည်သူများအနေဖြင့် စိုက်ပျိုးသင့်ပါကြောင့် စတော်ဘယ်ရီ စိုက်ပျိုးသူ ဒေါ်နန်းရွှေဥ ပြောကြားချက်အရသိရှိရပါသည်။

နယ်;ကူ - ခွန်ဗီး

Powered by Blogger.