Tuesday, April 4, 2017

ပအိုဝ်းစာပေပြန့်ပွားတိုးတက်ရေး ဗဟိုသံဃာအဖွဲ့မှ ဦးဆောင်သော ပအိုဝ်းစာပေ အဖြေလွှာစစ်ဆေးပွဲ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၄) ရက်



တောင်ကြီးမြို့နယ်၊ အထူးဒေသ(၆)၊ ပေါမူကျေးရွာအုပ်စု၊ ပေါမူဘုန်းတော်ကြီးကျောင်း၌ ပအိုဝ်းစာပေ ပြန့်ပွားတိုးတက်ရေး ဗဟိုသံဃာအဖွဲ့မှ ဦးဆောင်သော ပအိုဝ်းစာပေအဖြေလွှာစစ်ဆေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ပအိုဝ်းစာပေအဖြေလွှာစစ်ဆေးပွဲသည် ပအိုဝ်းတိုင်းရင်းသားအများစု အခြေချနေထိုင်ရာဖြစ်သော တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ကျောက်တလုံးကြီးမြို့နှင့် ရပ်စောက်မြို့နယ်အတွင်းရှိ ပအိုဝ်း ရဟန်းသံဃာများ၊ လူပုဂ္ဂိုလ် ဆရာ/ဆရာမများမှ စီစစ်အမှတ်ပေးခဲ့ကြပါသည်။ ထို့အပြင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင်လည်း နှစ်စဉ်အမြဲမပြတ်ကျင်းပလျှက်ရှိကြောင်းသိရှိရပါသည်။

ဆက်လက်၍ ဤပအိုဝ်းစာပေ အဖြေလွှာစီစစ်ပွဲသည် အကြိမ်ပေါင်း(၃၄)ကြိမ်ရှိခဲ့ပြီဖြစ်သည်နှင့်အမျှ ပအိုဝ်းလူငယ်မောင်မယ်များအနေဖြင့် ကိုယ်ပိုင် စာပေ၊ ဘာသာစကားကို မမေ့မလျော့ထိန်းသိမ်းတတ်စေရန်နှင့် ရိုးရာယဉ်ကျေးမှုအမွှေအနစ်များ ပခုံးပြောင်းတာဝန်ယူရမည့် ခေတ်လူငယ်များဖြစ်၍ တန်ဖိုးထားချစ်တတ်ဖို့လိုအပ်ပါသည်။ ဤပအိုဝ်းစာပေ အဖြေလွှာစီစစ်ပွဲသည် ရဟန်း(၈၉)ပါး၊ ဆရာ(၄၃)ဦး၊ ဆရာမ(၈၇)ဦး လာရောက်စီစစ်ပေးခဲ့ကြောင်းသိရှိရပါသည်။

နယ်;ကူ- ခွန်ဗီး
Powered by Blogger.