Wednesday, May 3, 2017

ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီ (၈၁)နှစ်ပြည့် ၀ိဇာတမွေးနေ့ ပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၄) ရက်





ပအိုဝ်းအမျိုးသားခေါင်းခေါင်းဆောင် အဘဦးအောင်ခမ်းထီ၏ (၈၁)နှစ်ပြည့် ၀ိဇာတမွေးနေ့ကို ၂၀၁၇ခုနှစ်၊ မေလ(၃)ရက်၊ ဗုဒ္ဓဟူးနေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့ နယ်ခွဲ၊ ကျောက်တလုံးကြီးမြို့၊ ထီလုံရပ်ကွက်၊ အဘဦးအောင်ခမ်းထီ၏ နေအိမ်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ပအိုဝ်းအမျိုးသာခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီ၏ (၈၁)နှစ်ပြည့် ၀ိဇာတမွေးနေ့ အထိမ်းအမှတ်အနေဖြင့် မနက်ပိုင်း(၆း၀၀)နာရီအချိန်တွင် ရဟန်းသံဃာအပေါင်းတို့ကို ဆွမ်း၊ ခဲဖွယ်များ ဆက်ကပ်လှူဒါန်း၍ မနက်ပိုင်း(၇း၀၀)နာရီအချိန်တွင် တရားနာပြီး (၇း၀၀)နာရီမှ မွန်းလွဲ(၁း၀၀) နာရီအထိတွင် အဘဦးအောင်ခမ်းထီ၏ (၈၁)နှစ်ပြည့် ၀ိဇာတမွေးနေ့ကို ကြွရောက်ချီးမြှင့်ပေးကြကုန်သော ဂုဏ်ကျက်သရေရှိ လူကြီးမင်းအပေါင်းတို့အား အဟာရခဲဖွယ်များ ကျွေးမွေးဧည့်ခံခဲ့ပါကြောင်း သိရှိရပါသည်။

အဆိုပါ ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ၊ ၀ဏ္ဏကျော်ထင် ဖြားတန်ဦးအောင်ခမ်းထီသည် ယခုနှစ် ကျောက်တလုံးကြီးမြို့တွင် ကျင်းပလျက်ရှိသော (၃၃)ကြိမ်မြောက် ပအိုဝ်းစာပေဆရာဖြစ်သင်တန်းပွဲကို အလှူငွေ သိန်း(၅၀)နှင့် ကျွေးမွေးရေးအတွက် ဆန်၊ ဆီ၊ ဆားများကို လိုလေသေးမရှိ လှူဒါန်းပေးခဲ့ကြောင်း၊ ဖြားတန်စင်ဖါအောင်ခမ်းထီသည် ၁၉၃၆ခုနှစ်၊ ဧပြီလ(၂၇)၊ တနလာင်္နေ့တွင် ဖွားမြင်ခဲ့ပြီး အသက်(၉) နှစ်အရွယ်တွင် နောင်လုံဘုန်းတော်ကြီးကျောင်း၌ ပညာစတင်သင်ကြားခဲ့ကြောင်း၊ အသက်(၁၀)နှစ် အရွယ်တွင် ရှင်သာမဏေအဖြစ် ပညာကိုဆည်းပူးခဲ့ကြောင်း၊ အသက်(၃၅)နှစ်တွင် ရဟန်းဘ၀မှ လူဝတ်လဲ၍ ပအိုဝ်းအမျိုးသားအရေးကို ထမ်းဆောင်ခဲ့ကြောင်း၊ ပအိုဝ်းဒေသသာသနာတော်ထွန်းကားအောင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူဖြစ်ပြီး (၄-၂-၂၀၀၃)ခုနှစ်တွင် အဂ္ဂမဟာသီရိသုဓမ္မမဏိ ဇောတဓရဘွဲ့ကို သော်လည်းကောင်း၊ (၄-၁-၂၀၁၀)ခုနှစ်တွင် ၀ဏ္ဏကျော်ထင်ဘွဲ့ကို သော်လည်းကောင်းရရှိသူဖြစ်ကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;
Powered by Blogger.