Tuesday, May 16, 2017

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့နယ်စည်သာယာရေး မြို့တော်ခန်းမ၌ ပညာရေးဝန်ကြီးဌာနမှ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း စတင်ဆောင်ရွက်မှုကို စီမံကိန်း ရေးဆွဲရာတွင် ပါဝင်အကြံပြုခဲ့သူများအား ရှင်းလင်းတင်ပြ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၁၆) ရက်



ပညာရေးဝန်ကြီးဌာနမှ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) ပြုစုခဲ့ရာတွင် တိုင်းဒေသကြီး/ပြည်နယ်များမှ ပူးပေါင်းပါဝင်ဆွေးနွေးအကြံပြုခဲ့သူများအား စီမံကိန်းစတင်ဆောင်ရွက် နေမှုကို ပြန်လည်ရှင်းလင်းတင်ပြသည့် အခမ်းအနားကို မေလ (၁၆)ရက်နေ့တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ အဖွင့် အမှာစကားပြေားကြားပြီးနောက် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀)ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည်များကို ကြီးကြပ်ကူညီပံပိုးပေးနိုင်ရန်အတွက် စီမံကိန်းစာအုပ်အား ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်စင်နှင့် တာဝန်ရှိသူများက ပြည်နယ်ဝန်ကြီးချုပ်ထံတွင်လည်းကောင်း၊ ရှမ်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ထံတွင်လည်းကောင်း၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးထံတွင်လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပါသည်။ ထို့နောက် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းအဖွဲ့ဝင်မှ စီမံကိန်းပြုစုခဲ့ပုံနှင့် စတင်အကောင်အထည်ဖော်ရွက်မှုများကို ရှင်းလင်းပြီး တက်ရောက်လာကြသူများက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀)ကို ကဏ္ဍအလိုက် ခြုံငုံဆွေးနွေးခဲ့ကြပါသည်။

ပညာရေးဝန်ကြီးဌာနမှ အကဲဖြတ်ခြင်း(အဆင့်-၁)၊ အသေးစိတ်လေ့လာဆန်းစစ်ခြင်း (အဆင့်-၂)နှင့် အထောက်အကူအခြေပြု ကုန်ကျစရိတ်လျာထားချက်တို့ ပါဝင်သော အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) ရေးဆွဲခြင်းအဆင့် (၃)ဆိုပြီး အဆင့်သုံးဆင့်ဖြင့် ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍလေ့လာသုံးသပ်ရေးလုပ်ငန်းကို (၃)နှစ်ခွဲကာလအတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရပါသည်။

ဝေးဖြား
Powered by Blogger.