Friday, May 12, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောင်းလွယ်၊ ပါပန့်၊ ထမ်းဘုရား ကျောက်ချော/ကတ္တရာ လမ်း (၃)မိုင် ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၁၂) ရက်




ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၁၆/၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရခွင့်ပြုရံပုံငွေဖြင့် ဆောင်ရွက်သည့် ကျောင်းလွယ်-ပါပန့်-ထမ်းဘုရား ကျောက်ချော/ ကတ္တရာလမ်း (၃) မိုင်ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ မေလ (၁၂) ရက်၊ ညနေ (၃း၀၀)အချိန်တွင် ကျင်းပကြောင်းသိရသည်။
အဆိုပါလမ်းဖွင့်ပွဲကို နယ်စပ်ရေးရာဝန်ကြီးဌာန နေပြည်တော်ရုံးချုပ်မှ ညွှန်ကြားရေးမှူး နှင့် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံမှ ကျောင်းအုပ်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်ဖြူ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌ ဖြားခွန်စံလွင်မှ အဖွင့်အမှာစကားပြောကြားကာ လမ်းပန်းဆက်သွယ်ရေးမကောင်းသည့်အတွက် ဒေသထွက်ထုတ်ကုန်များနှင့် ဒေသများ၏ လှုမှုရေးကဏ္ဍများ ဆောင်ရွက်သည့်နေရာများမှာ များစွာနိမ့်ကျကျန်ခဲ့နေသည်ကို တွေ့မြင်နေရကြောင်း၊ မိမိဒေသထွက် ထုတ်ကုန်များနှင့် လူမှုရေးကဏ္ဍများ လုပ်ဆောင်ရာတွင် အဆင်ပြေရန် ယခု လမ်းပန်းဆက်သွယ်ရေး၊ တံတားများတည်ဆောက်ပေးပြီး ဖြစ်ပါကြောင်း စသည့်အကြောင်းအရာများကို ပြောကြားခဲ့ပါသည်။
ယခုလမ်းသည် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရံပုံငွေ ၂၅၀.၃၃၅ သန်းဖြင့်ဆောက်လုပ်ခဲ့ကြောင်းသိရှိရပါသည်။

နန်းအိနြေ္ဒခမ်း

Powered by Blogger.