Friday, May 5, 2017

ဒေသတွင်းရှိ အမျိုးသမီးတောင်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်၍ (MIID)အဖွဲ့က ဒေသဦးစီး ဥက္ကဌအား လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၅) ရက်






Myanmar Institute for Integarted Development(MIID)မှ Mr.Phil Young သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အမျိုးသမီးတောင်သူများ အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ခြင်းနှင့် ပတ်သက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဖြားခွန်စံလွင်အား (၅-၅-၂၀၁၇)ခုနှစ်၊ ဒေသဦးစီးခန်းမတွင် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တွေ့ဆုံရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းရှိ အိမ်ထောင်စု (၄၀၀)မှ အမျိုးသမီးတောင်သူများအတွက် စိုက်ပျိုးရေးနှင့် ပတ်သက်၍ နည်းပညာများ၊ မျိုးစေ့များ၊ မြေသြဇာ၊ ငွေကြေး၊ ဈေးကွက်များကို ကူညီဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့(MIID)သည် ၂၀၁၂-ခုနှစ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဟာဗျူဟာမြောက်ဖွံ့ဖြိုးမှုအစီအစဉ်(Master Plan)ကို CSOများနှင့် ပူးပေါင်း၍ ရေးဆွဲခဲ့ကြောင်း၊ ယင်း Master Planကို အသုံးပြု၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် ၈၀% အောင်မြင်ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒေသဦးစီးအဖွဲ့ဝင် ဦးခွန်လှဆန်း၊ ဦးခွန်လှသိန်း၊ ဦးမိုးထက်၊ ဗိုလ်မှူးသက်နောင်စိုးနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာန၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းနှင့် ပါရမီကွန်ကယ်မှ ခွန်ချစ်ဦးတို့က တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် MIID အဖွဲ့သည် ဟိုပုံးမြို့နယ် လုံဟေးကျေးရွာအုပ်စု၊ လုံဟေးရွာရှိ မိဘပြည်သူများနှင့် စိုက်ပျိုးရေးအကြောင်းများ သွားရောက်ညှိနှိုင်းခဲ့ပြီး အဓိကအားဖြင့် ဂျင်းနှင့် ကြက်သွန်ဖြူကို စိုက်ပျိုးရန်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

နဂါ့ဆာ;တဲုင်.
Powered by Blogger.