Thursday, May 25, 2017

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနမှ ခေါင်းဆောင်မှု(Leadership)သင်တန်းကျင်းပခြင်း

တောင်ကြီး၊၂၀၁၇ ခုနှစ်၊ မေလ (၂၆) ရက်






၂၀၁၇-ခုနှစ်၊ မေလ(၂၅)ရက်နေ့တွင် ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ ကျောက္ကဆျားကျေးရွာခန်းမတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာန၊ နိုင်ငံရေးအဖွဲ့မှ ဦးဆောင်၍ ခေါင်းဆောင်မှု(Leadership) သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲတွင် ကျောက္ကဆျားကျေးရွာ၏ ဂြိုလ်ပြေရန်ပြေဘုရားစေတီ ဥပစာ၌ ခေတ္တသီတင်းသုံးတော်မူသော တောင်ကြီးမြို့၊ အောင်မင်္ဂလာပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားကြီးထံမှ ဦးစွာပထမငါးပါးသီလခံယူပြီး ဆရာတော်ဘုရားကြီးမှသြဝါဒမြွက်ကြားရာတွင် ယခုလိုခေါင်းဆောင်မှုသင်တန်း လာရောက်ပို့ချပေးသည်ကို မိမိအနေဖြင့်သော်လည်းကောင်း ရွာသူရွာသားများကိုယ်စားအနေဖြင့်သော်လည်းကောင်း ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မိမိတို့၏ ရပ်ရွာဒေသနှင့် အနာဂါတ်မိမိတို့ပအိုဝ်းလူမျိုးများအတွက် ခေါင်းဆောင်ကောင်းများပေါ်ထွက်လာစေရန် သင်တန်းသူ/သားများအနေဖြင့် ကြိုးကြိုးစားစားသင်ယူကြပါရန်နှင့် မိမိတို့ပအိုဝ်းလူမျိုးများ၏ ဂုဏ်အဂါင်္ရပ်များဖြစ်သော ၀တ်စားဆင်ယင်မူများကိုလည်း မြတ်မြတ်နိုးနိုးဝတ်ဆင်ကြပါရန် မိန့်ကြားခဲ့ပြီးနောက် သင်တန်းကို ဆက်လက်ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် ကျောက္ကဆျားကျေးရွာမှ သင်တန်းသား(၂၁)ဦး၊ သင်တန်းသူ(၂၆)ဦးနှင့် လာရောက်လေ့လာသူ (၁၉)ဦး၊ စုစုပေါင်း(၆၆)ဦး တက်ရောက်ခဲ့ပြီး ၎င်းသင်တန်းတွင် ပို့ချဆွေးနွေးခဲ့သောခေါင်းစဉ်များမှာ လူထုအတွင်းစကားပြောစွမ်းရည်၊ ခေါင်းဆောင်၊ ခေါင်းဆောင်မှုနှင့် စည်းရုံးခြင်းစသည့်သိသင့်သိထိုက်သောဗဟုသုတအကြောင်းအရာများဖြစ်ကြောင်း၊ ထိုသင်တန်းသည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာန၊ နိုင်ငံရေးအဖွဲ့မှ ဦးဆောင်၍ ဖွင့်လှစ်သော စတုတ္ထအကြိမ်မြှောက် ခေါင်းဆောင်မှု(Leadership) သင်တန်းဖြစ်ကြောင်း သတင်းရရှိပါသည်။

ခွန်ဗေခြောင် လွယ်မော,ဟေ့
Powered by Blogger.