Friday, June 2, 2017

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံး (တောင်ကြီး) မှ ယာဉ်နှင့်ယာဉ်မောင်းလိုင်စင်များအား နယ်လှည့်စစ်ဆေးဆောင်ရွက်ပေးခြင်း

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂) ရက်

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံး (တောင်ကြီး) မှ ယာဉ်နှင့်ယာဉ်မောင်းလိုင်စင်များအား နောင်ကားကျေးရွာသို့ (17-6-2017)ရက်တွင် နယ်လှည့်စစ်ဆေးခြင်းနှင့် ယာဉ်နှင့်ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်း၊ ဆိုင်ကယ်မောင်းလိုင်စင် (" က" လိုင်စင်)အသစ်ထုတ်ပေးခြင်းများဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နောင်ကားကျေးရွာနှင့် ပတ်ဝန်းကျင်ရှိကျေးရွာများမှ မိဘပြည်သူများ ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်း၊ ဆိုင်ကယ်မောင်းလိုင်စင် ( " က " လိုင်စင်) အသစ်ပြုလုပ်ခြင်းများ ဆောင်ရွက်နိုင်ပါရန် အသိပေးကြေငြာအပ်ပါသည်။


PNO Media
Powered by Blogger.