Saturday, June 17, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၃)မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက် (၂၉.၇၇%) ရရှိ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၁၇) ရက်


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် (၃)မြို့နယ်သည် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ဖြေဆိုသူစုစုပေါင်း (၄၀၆၇) ဦး ရှိပြီး ဇွန်လ(၁၇)ရက်နေ့ တက္ကသိုလ်ဝင်တန်းအောင်စာရင်း ကြေညာချက်အရ အောင်မြင်သူ (၁၂၁၁) ဦးရှိရာ အောင်ချက်ရာခိုင်နှုန်းအနေဖြင့်(၂၉.၇၇%) ရရှိကြောင်းသိရသည်။ ဟိုပုံးမြို့နယ်တွင် ဖြေဆိုသူ (၉၇၀)ဦး၊ အောင်မြင်သူ (၂၆၄)ဦး၊ အောင်ချက် ရာခိုင်နှုန်းအနေဖြင့် (၂၇.၂၂%) ရရှိပြီး ဆီဆိုင်မြို့နယ်တွင် ဖြေဆိုသူ (၉၁၁) ဦး၊ အောင်မြင်သူ(၂၂၁)ဦး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၂၄.၂၆%) ရရှိပြီး ပင်လောင်းမြို့နယ်တွင် ဖြေဆိုသူ(၂၁၈၆) ဦး၊  အောင်မြင်သူ (၇၂၆)ဦး၊ အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၃၃.၂၁%) ရရှိကြောင်းသိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဒေသ (၃)မြို့နယ်သည် ပင်လောင်းမြို့နယ်တွင် အောင်ချက်ရာခိုင်နှုန်း အကောင်းဆုံး ရရှိကြောင်းသိရသည်။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း (၂၈.၂၅%)ရရှိပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း (၂၉.၇၇%) အရင်နှစ်အောင်ချက်ရာခိုင်နှုန်းနှင့် ယခုနှစ်အောင်ချက်ရာခိုင်နှုန်းကို နှိုင်းယှဉ်လျှင် ယခုနှစ်အောင်ချက်ရာခိုင်နှုန်းသည် ( ၁.၅၂) ရာခိုင်နှုန်း တိုးလာကြောင်းသိရှိရပါသည်။

သွိုခြံသား

Powered by Blogger.