Saturday, August 26, 2017

(PNA) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) မှ တပ်ရင်းအသီးသီးရှိ တပ်ဖွဲ့ဝင်များအားစစ်ဝတ်စုံများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်




တောင်ကြီးမြို့၊ (PNA) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)၊ ဗဟိုဌာနချုပ်ရုံးတွင် (PNA) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) မှ တာဝန်ရှိပုဂ္ဂိုလ်များက တပ်ရင်းအသီးသီးရှိ တပ်ဖွဲ့ဝင်များအားစစ်ဝတ်စုံများပေးအပ်ခြင်း အခမ်းအနားကို ၂၀၁၇ ခုနှစ်၊  သြဂုတ်လ (၂၆) ရက်နေ့၊ နံနက် (၁၀း၀၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

ထိုပေးအပ်ပွဲတွင် (၄၂)  နှစ်မြောက် ပအိုဝ်းအာဇာနည်နေ့အခမ်းအနားကျင်းပနိုင်ရေး၊ နယ်မြေလုံခြုံရေး၊ ကာကွယ်ရေးကိစ္စရပ်များ၊ မူးယစ်ဆေးဝါးကိစ္စရပ်များကိုလည်း ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်းသိရသည်။
ထိုအခမ်းအနားသို့ (PNA) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) ဗဟိုစစ်ကော်မတီ ဒု-ဥက္ကဌ ဖြားတန်ပီတာ ထွန်းနိုင်၊ ကွပ်ကဲရေးမှူး ဖြားတန်ခွန်မြင့်အောင်၊ ဗျူဟာမှူးများ၊ တပ်ရင်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာဆက်ဆံရေးရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဗဟိုဌာချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ ကြကြောင်းသိရသည်။

ခွန်ယံသေ



Powered by Blogger.