Monday, September 18, 2017

ဆောင်းပါး၊ ကဗျာ၊ ကာတွန်း ၊ (ပအိုဝ်း- ငေါဝ်းတဲက်) ပြိုင်ပွဲမှ ဆုရရှိသူများကို ဆုချီးမြှင့်ပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်

 






(၄၂) ကြိမ်မြောက် ပအိုဝ်းအာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ယခုနှစ်တွင် ကျင်းပပြုလုပ်သော ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ (ပအိုဝ်း-ငေါဝ်းတဲက်) ပြိုင်ပွဲမှ  ဆုရရှိသူများဆုချီးမြှင့်ပွဲကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက် ၊  နံနက် (၁၀း၃၀) အချိန်၊ (PNA) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)၊ ဗဟိုဌာနချုပ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဆုပေးပွဲအခမ်းအနားတွင် (PNA) အသွင်းပြောင်းပြည်သူ့စစ် (ဌာနေ) တွဲဖက်ကွပ်ကဲရေးမှူး (၂) ဒု - ဗိုလ်မှူးခွန်လှမောင်က ပြိုင်ပွဲ၏ရည်ရွယ်ချက်နှင့် ကဗျာ၊ ဆောင်းပါး၊ ကာတွန်း (ပအိုဝ်း- ငေါဝ်းတဲက် ) တည်းဖြတ်ရခြင်းအကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ဆောင်းပါး  (ပ၊ ဒု၊ တ) ရရှိသွားသူ ခွန်ဟောဝ်ဇ၀န (သူရိယခမ်း)၊  ခွန်မျတ်ခမ်း (နောင်တရား)၊ ခွန်ရတနား (ငိုခြာ) တို့ကိုသော်လည်းကောင်း၊ ကဗျာ  (ပ၊ ဒု၊ တ) ရရှိသွားသော ခွန်ပအိုဝ်းခွန် (ပင်လုံ)၊ ခွန်အောင်းထွိုက်ဗွေ၊ ခွန်အားရဲုင် တို့ကိုသော်လည်းကောင်း၊ ငေါဝ်းတဲက် (ပ၊ ဒု၊ တ) ကို ခွန်ကုဝေ(မဲုင်ကောင်)၊ မော်ပန္တိ(ထီဗိ) မော်စောထီး(၀ါပြုံး) တို့ကိုသော်လည်းကောင်း  ၊ ကာတွန်း (ပ၊ ဒု၊ တ) ကို ခွန်ရတနား၊ ခွန်တင်းညီး၊ ခွန်အားရဲုင် တို့ကိုသော်လည်းကောင်း အသီးသီးဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ပါသည်။

ယခုနှစ်တွင် ပအိုဝ်းအာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဆောင်းပါးယှဉ်ပြိုင်သူမှာ(၁၃)ဦး၊ ကဗျာပါဝင်ယှဉ်ပြိုင်သူမှာ (၃၆)ဦး၊ ကာတွန်းပါဝင်ယှဉ်ပြိုင်သူမှာ(၁၂)ဦး နှင့် ငေါဝ်းတဲက် ယှဉ်ပြိုင်သူမှာ (၁၅)ဦး ရှိကြောင်း၊ ကဏ္ဍတစ်ခုချင်းစီအလိုက် ဆုရရှိသူများကို ပထမဆုအဖြင့် ကျပ်(၁)သိန်း၊ ဒုတိယဆုအဖြင့် ကျပ်(၈)သောင်း၊ တတိယဆုအဖြင့် ကျပ်(၅)သောင်း ဆုချီးမြှင့်ပေးကြောင်းသိရှိရပါသည်။

နန်းအိနြေ္ဒခမ်း
Powered by Blogger.