Tuesday, September 5, 2017

(၄၂)ကြိမ်မြောက် ပအိုဝ်းအာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ခေါင်းဆောင်မှုသင်တန်းဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်






(၄၂)ကြိမ်မြောက် ပအိုဝ်းအာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့်  ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် စံကားဒေသ ပြည်သူလူထုတို့ပူးပေါင်း၍ ခေါင်းဆောင်မှုသင်တန်းကို ၂၀၁၇-ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့ ညောင်ရွှေမြို့နယ်၊ စံကားဒေသ၊ ရေပူ(ထီခိုး)ကျေးရွာအုပ်စု၊ ရေပူ(ထီခိုး)ဘုန်းတော်ကြီးကျောင်း နံနက်(၉း၃၀)အချိန်တွင်  ဖွင့်လှစ်ပြီး အဆိုပါသင်တန်းတွင် ကျေးရွာပေါင်း(၁၆)ရွာမှ သင်တန်းသား(၄၂)ဦးနှင့် သင်တန်းသူ(၃၁)ဦး စုစုပေါင်း(၇၃)ဦးတို့ တက်ရောက်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဆရာတော်ထံမှ ငါးပါးသီလနှင့်သြဝါဒစကားခံယူခဲ့ရာ  သင်တန်းသို့တက်ရောက်လာကြသော သင်တန်းသားများအနေဖြင့် ကျေးရွာတာဝန်ရှိပုဂ္ဂိုလ်များသည် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ခြင်းဖြစ်၍ သင်တန်းကိုမပျက်မကွက် တက်ရောက်ရန် လိုအပ်ကြောင်း၊ ကျေးရွာပေါင်းစုံ ဒေသပေါင်းစုံမှ တက်ရောက်လာကြသည့်အတွက် သင်တန်းကာလ အတွင်း တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးမှုရရှိကြရန်လိုအပ်ကြောင်း၊ ခင်မင်ရင်းနှီးမှုကိုအခြေခံပြီး ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများကို အတူလက်တွဲလုပ်ဆောင်သွားရန်လိုအပ်ကြောင်း၊ သင်တန်းဆရာများ၏ သင်ကြားမှုကို သေချာမှတ်သားကြရန်လိုအပ်ကြောင်း၊ သင်တန်းကိုအပျော်သဘောဖြင့် တက်ရောက်ခြင်းမျိုးမဟုတ်ဘဲ အလေးအနက်ထားပြီးသင်ယူရန်နှင့် သင်တန်းမှရရှိလာသည့်အသိပညာဗဟုသုတများကို မိမိကျေးရွာ၊ ဒေသအတွက် ပြန်လည်အသုံးချရန်လိုအပ်ကြောင်း” မိန့်ကြားခဲ့ပါသည်။

 “ဒေသအတွင်း မျိုးဆက်သစ်လူငယ်များ အရည်အသွေးမြှင့်မားစေရန်နှင့် အမျိုးသားရေး ဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်စေရန်၊ တစ်ရွာနှင့်တစ်ရွာ ခင်မင်ရင်းနှီးမှုရလာပြီး မိမိဒေသလုံးဆိုင်ရာ အမျိုးသားအရေးကိစ္စများတွင် စည်းလုံးညီညွှတ်စွာဖြင့် လက်တွဲဆောင်ရွက်နိုင်စေရန်၊ ဒေသ အကျိုး၊ အများအကျိုးအတွက် ဦးစီးဦးဆောင်စေလိုသော စိတ်ဓာတ်မြှင့်မားလာစေရန်” ရည်ရွယ်ပြီး သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းဖြစ်မြောက်ရေးကော်မတီ ခွန်တူးမှ ပြောကြားခဲ့ပါသည်။

သင်တန်းမှူးခွန်ရဲအောင်မှ သင်တန်းပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် သင်ကြားမည့် ဘာသာရပ်များ ကို မိတ်ဆက်ပေးပြီး သင်တန်းဖွင့်လှစ်သည့်ကာလတွင် ပြီးဆုံးအောင် တက်ရောက်ပေးကြရန်နှင့် သင်တန်းတွင် အပြန်အလှန်ဆွေးနွေးကြရန် ပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားအစီအစဉ်ကို ရုတ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းကို ၂၀၁၇-ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့မှ (၁၀)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် ခေါင်းဆောင်၊ ခေါင်းဆောင်မှု၊ လူထုတွင်းစကားပြောစွမ်းရည်၊ စည်းရုံးခြင်း၊ လွှတ်တော်ရေးရာ၊ ဥပဒေရေးရာနှင့် အစာအဟာရ စသည့်ခေါင်းစဉ်များကို သင်တန်းနည်း ပြများဖြစ်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနမှ ခွန်ရဲအောင်၊ ခွန်ကျော်ထွန်း၊ ခွန်ကျော်ခေါင်၊ နန်းထက်မြတ်ဝင်း၊ ဥပဒေရေးရာဌာနမှ ခွန်ဆက်အောင်၊ ခွန်ထွိုင်းနှင့် လွှတ်တော်ရေးရာဌာနမှ ခွန်အောင်နိုင်တို့မှ ဦးဆောင်ဆွေးနွေးပေးမည်ဖြစ်ကြောင်း သိရှိခဲ့ရပါ သည်။

ခြဲုင်းမူးပေး(စန္တာခမ်း)

Powered by Blogger.