Thursday, September 14, 2017

(၄၂)ကြိမ်မြောက် ပအိုဝ်းအာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သော ဆောင်းပါး၊ ကဗျာ၊ ကာတွန်းနှင့် (ပအိုဝ်း-ငေါဝ်းတဲက်)ပြိုင်ပွဲမှ ဆုရရှိသူများ အမည်စာရင်း ထုတ်ပြန်

 တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်



(၄၂)ကြိမ်မြောက် ပအိုဝ်းအာဇာနည်နေ့ကို ဂုဏ်ပြုသောအထိန်းအမတ်အနေဖြင့် ယခုနှစ်တွင် ကျင်းပပြုလုပ်ပေးသော ပအိုဝ်းအာဇာနည်နေ့နှင့် စပ်လျဉ်း၍ ဆောင်းပါး၊ ကဗျာ၊ ကာတွန်းနှင့် (ပအိုဝ်း-ငေါဝ်းတဲက်) ပြိုင်ပွဲမှ ကဏ္ဍတစ်ခုချင်းစီအလိုက် (ပ-ဒု-တ) ဆုရရှိသူများ အမည်စာရင်းကို ဒီကနေ့ (၁၄-၉-၂၀၁၇) ကြာသပတေးနေ့တွင် ပြိုင်ပွဲစိစစ်တည်းဖြတ်ရေးအဖွဲ့ထံမှ ထုတ်ပြန်ကြောင်းသိရှိရသည်။

ပအိုဝ်းအာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ယခုနှစ်တွင် ဆောင်းပါးပြိုင်ပွဲမှ ပထမဆုကို ခွန်ဟောဝ်ဇ၀န(သူရိယခမ်း)က “နေးထူ;ဂုဏ်; ရပ်ကျို;ဆွုမ်; မွူးနီပအိုဝ်းအာ;ဇာ;နီ;” ဟူသော ခေါင်းစဉ်ဖြင့် သော်လည်းကောင်း၊ ဒုတိယဆုကို ခွန်မျတ်ခမ်း(နောင်တရား)က “မွီးမျတ်ဟောဝ်လီ့ ခွို.သွီ;ဖြွီ.”ဟူသော ခေါင်းစဉ်ဖြင့် သော်လည်းကောင်း၊ တတိယဆုကို ခွန်ရတနာ;(ငိုခြာ)က “အာ;ဇာ;နီ; ကရို.န၀်” ခေါင်းစဉ်ဖြင့် သော်လည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့သည်။

ကဗျာပြိုင်ပွဲတွင် ပထမဆုကို ခွန်ပအိုဝ်;ခွန်(ပင်လုံ)က “ထူ;ဂုဏ်;အံ;ဖြာ;သွတ်.”ဟူသော ခေါင်းစဉ်ဖြင့် သော်လည်းကောင်း၊ ဒုတိယဆုကို ခွန်အောင်ထွိုက်ဗွေက “ထူ;ဂုဏ်;လွေ (၄၂)လဲင်;လ. မွူးနီ.အာ;ဇာ;နီ;” ဟူသော ခေါင်းစဉ်ဖြင့် သော်လည်းကောင်း၊ တတိယဆုကို ခွန်အားရဲုင်က “ အာ;ဇာ;နီ;ဗွေ; ပျသက်သေ;” ဟူသော ခေါင်းစဉ်ဖြင့် သော်လည်းကောင်း အသီးသီးဆွတ်ခူး ရရှိသွားသည်။

ငေါဝ်းတဲက်ပြိုင်ပွဲတွင် ပထမဆုကို ခွန်ကုဝေ(မဲုင်ကောင်)က “ပအိုဝ်;မွူးနီ အာ;ဇာ;နီ;” ဟူသော ခေါင်းစဉ်ဖြင့် သော်လည်းကောင်း၊ ဒုတိယဆုကို မော်ပန္တိ(ထီဗိ)က “ အာ;ဇာ;နီ; မွူးနီ ခမ်;နွမ့်ညီ” ဟူသော ခေါင်းစဉ်ဖြင့် သော်လည်းကောင်း၊ တတိယဆုကို မော်စောထီး(၀ါပြုံး)က “အမျို.သာသွီ; အာ;ဇာ;နီ;” ဟူသော ခေါင်းစဉ်ဖြင့် သော်လည်းကောင်း အသီးသီးဆွတ်ခူး ရရှိသွားသည်။

ကာတွန်းပြိုင်ပွဲတွင် ပထမဆုကို ခွန်ရတနာ;က “အာ;ဇာ;နီ; ကရို.န၀်” ခေါင်းစဉ်ဖြင့် သော်လည်းကောင်း၊ ဒုတိယဆုကို ခွန်တင်;ညီ;က သော်လည်းကောင်း၊ တတိယဆုကို ခွန်အာ;ရဲုင်.က “လို.မျို.သေတ၀်း” ဟူသော ခေါင်းစဉ်ဖြင့် သော်လည်းကောင်း အသီးသီးဆွတ်ခူး ရရှိသွားသည်။

ယခုနှစ်တွင် ပအိုဝ်းအာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဆောင်းပါးယှဉ်ပြိုင်သူမှာ(၁၃)ဦး၊ ကဗျာပါဝင်ယှဉ်ပြိုင်သူမှာ (၃၆)ဦး၊ ကာတွန်းပါဝင်ယှဉ်ပြိုင်သူမှာ(၁၁)ဦး နှင့် ငေါဝ်းတဲက် ယှဉ်ပြိုင်သူမှာ (၁၂)ဦး ရှိကြောင်း၊ ဆုပေးပွဲကို ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်၊ တနလာင်္နေ့တွင် အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) -ပအိုဝ်းအမျိုးသားတပ်မတော်(PNA)ရုံး၌ မနက်(၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း၊ ဆုရရှိသူများကို အဆိုပါဆုပေးပွဲတွင် တက်ရောက် ဆုယူပေးပါရန် ပြိုင်ပွဲစိစစ်တည်းဖြတ်ရေးအဖွဲ့မှ နှိုးဆော်ထားကြောင်း၊ ကဏ္ဍတစ်ခုချင်းစီအလိုက် ဆုရရှိသူများကို ပထမဆုအဖြင့် ကျပ်(၁)သိန်း၊ ဒုတိယဆုအဖြင့် ကျပ်(၈)သောင်း၊ တတိယဆုအဖြင့် ကျပ်(၅)သောင်း ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရသည်။

နဂါ့ခွန်
Powered by Blogger.