Thursday, September 7, 2017

ဟိုပုံးမြို့တွင် မြို့နယ်အဆင့်သန်းခေါင်စာရင်းအချက်အလက်များအသိပညာပေးခြင်းကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်


၂၀၁၇ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ၊ ဟိုပုံးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပြည်သူ့အင်အားဦးဌာန အလုပ်သမား.လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီး၍ စွမ်းရည်ရှေ့ဆောင်လူမှုရေးအသင်း Capicity Building Initiative က ဌာနဆိုင်ရာအဖွဲ့များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအား မြို့နယ်အဆင့် သန်းခေါင်စာရင်းအချက်အလက်များအသိပညာပေးခြင်းအခမ်းအနားကိုကျင်ပပြုလုပ်ခဲ့ပါသည်။

အသိပညာပေး ဖွင့်ပွဲအခမ်းအနားကို ဒီနေ့မနက် ၉း၁၀ နာရီတွင်စတင်ဖွင့်လှစ်ပြီး ရှမ်းပြည်နယ် အလုပ်သမားလူမှုကြီးကြပ်ရေးမှူးနှင့်ပြည်သူ့အင်အားဝန်းကြီးဌာန ညွှန်ကြားရေးမှူးဦးဝင်းလွင်မှ တက်ရောက်အမှာစကားပြောကြားပေးခဲ့ပါသည်။ ဆက်လက်၍ အလုပ်သမားလူမှုကြီးကြပ်ရေးမှူးနှင့်ပြည်သူ့အင်အားဝန်းကြီးဌာန ဒုညွှန်ကြားရေးမှူး ဦးမြတ်သွင်မှ အသိပညာပေးပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့ပြီးနောက် မနက်ခင်း အခမ်းအနား အစီအစဉ်​ ကိုရုပ်သိမ်းကာ ဆွေးနွေးပွဲကိုစတင်ကျင်းပခဲ့ပါသည်။
အသိပညာပေးဆွေးနွေးပွဲတွင် ဌာနဆိုင်ရာများ.ကျေးရွာအုပ်စုအသီးသီးမှ ကျေးရွာအုပ်ချုပ်ရေးမှူးများးနှင့်အရပ်ဖက်လူမှုအဖွဲ့အစည်းများ စုစုပေါင်း ဦးရေ ၆၅ဦးတက်ရောက်ဆွေးနွေးပြီး ဆွေးနွေးရက်မှာ ၇.၉.၂၀၁၇ မှ ၈.၉.၂၀၁၇ရက်နေ့အထိ နှစ်ရက်ကျင်းပသွားမည်ဟုသတင်းရရှိပါသည်။

ခွန်စနေအောင်
Powered by Blogger.