Thursday, September 7, 2017

အမျိုးသမီးများအတွက် ဈေးကွက်ဆိုင်ရာ အခွင့်အလမ်းများ တိုးတက်ရရှိရေး စီမံကိန်း (၃)လပတ် အစည်းအဝေးကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်



၂၀၁၇ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့တွင် တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံ အစည်းအဝေးခန်းမ၌ ပါရမီ ဖွံဖြိုးရေးကွန်ရက်မှကြီးမှူး၍ အမျိုးသမီးများအတွက် ဈေးကွက်ဆိုင်ရာ အခွင့်အလမ်း တိုးတက်ရရှိရေး စီမံကိန်း(၃)လပတ် အစည်းအဝေးပြုလုပ်ကြောင်း သိရှိရပါသည်။

အဆိုပါပြုလုပ်ရာတွင် စီမံကိန်းကာလ ဒုတိယနှစ်တွင် အဖွဲ့အလိုက် လုပ်ဆောင်ခဲ့ပြီးသောလုပ်ငန်းစဉ်များ၊ ကြုံတွေ့ရသောအခက်အခဲများ၊ အောင်မြင်မှုများ၊ လေ့လာသင်ယူရရှိမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို အပြန်အလှန်မျှဝေးခြင်းစသောရည်ရွယ်များဖြင့်ပြုလုပ်ခဲ့ပါသည်။ ဆက်လက်၍ အဖွဲ့အသီးသီးမှ လုပ်ငန်းတိုးတက်မှု အခြေအနေ အတွေ့အကြုံများကို အပြန်အလှန်မျှဝေခြင်း၊ ကြုံတွေ့ရသော အခက်အခဲများကို မည်ကဲ့သို့ဖြေရှင်းသင့်ခြင်း နှင့် ကြက်သွန်ဖြူ၊ ငရုပ်သီး၊ ဂျင်း(ချင်း) စသော စိုက်ပျိုးရေးစာအုပ်မူကြမ်းများကိုပါ မိတ်ဆက်ပေးပါသည်။အဆိုပါ အစည်းအဝေးကို (၃)လ တစ်ကြိမ် ပုံမှန်လုပ်ဆောင်သွားမည်ဟု သိရှိရပါသည်။
ထိုအစည်းအဝေးကို MEDA ၊ ပါရမီ ဖွံဖြိုးရေးကွန်ရက်၊ မေတ္တာဖွံဖြိုးရေးဖောင်ဒေးရှင်းနှင့် ရွှေအင်းသူ အမျိုးသမီးကိုယ်အားကိုယ်ကိုးအဖွဲ့ တို့တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်ယံသေ

Powered by Blogger.