Tuesday, September 26, 2017

“ပအိုဝ်းရွာများတွင် အကြမ်းဖက်သမားများ ကာကွယ်နိုင်ရန် ရွာစောင့်များ ပြန်လည်ထားရှိသင့်ကြောင်း” ဖြားဆရာကိုး တိုက်တွန်း

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်




အထူးဒေသ(၆)၊ လွိုင်လင်မြို့နယ်၊ ပန်းဝိုကျေးရွာအုပ်စု၊ ပန်းဝိုဘုန်းတော်ကြီးကျောင်း၌ စက်တင်ဘာလ(၂၆)ရက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ခမ်း၊ နယ်;၊ အွိုင်;) အဖွဲ့မှ ပြုလုပ်ကျင်းပသော လူထုတွေ့ဆုံပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုအလုပ်အမှုဆောင် ဖြားခွန်ဆရာကိုးက ဤသို့ တိုက်တွန်းပြောကြားထားသည်။

“ ကျွန်တော်တို့ပအိုဝ်းရွာတွေက အရင်ကဆို ရွာစောင့်တွေထားကြတယ်၊ ရွာစောင့်ထားရခြင်းက ရွာကို ကာကွယ်ဖို့၊ မသင်္ကာသူများကို စောင့်ကြည့်ဖို့ ထားကြတယ်၊ အခုက သိပ်မရှိတော့ဘူး၊ ဒီအချိန်မှာ ပြန်လည်ထားသင့်တယ်၊ အခုက အမျိုးဘာသာသနာကို ထိပါးနေတဲ့ အကြမ်းဖက်မွတ်ဆလင်ရန်လည်း ရှိတယ်၊ အကြမ်ဖက်မွတ်ဆလင်အဖွဲ့က ရက်စက်ကြမ်းကြုတ်တယ်၊ ကျွန်တော်တို့ ဗုဒ္ဓဘာသာနဲ့ လုံးဝဆန့်ကျင်ဘက်ဘဲ၊ ဒါကြောင့် ကျွန်တော်တို့ပအိုဝ်းရွာတွေမှာ အကြမ်းဖက်မွတ်ဆလင်တွေ၊ မူးယစ်ဆေးဝါးဖြန့်သူတွေ၊ မသင်္ကာသူတွေကို ရွာထဲမ၀င်ရအောင် ရွာစောင့်ကို ပြန်ထားသင့်တယ်” ဟု ၎င်းက တိုက်တွန်း ပြောကြားခဲ့သည်။

ပန်းဝိုကျောင်းထိုင်ဆရာတော်ကလည်း ယခုအချိန်သည် တိုင်းရင်းသားအချင်းချင်း သွေးကွဲရန် အချိန်မဟုတ်တော့ကြောင်း၊ အချင်းချင်းစည်းလုံးညီညွတ်ရန် အချိန်ကျပြီဖြစ်ကြောင်း၊ ယခုအချိန်သည် မိမိတို့ အမျိုးဘာသာ၊ သာသနာ ပျောက်ကွယ်မသွားစေရန် ဗုဒ္ဓဘာသာဝင်တိုင်းတွင် တာဝန်ရှိကြောင်း၊ မိမိတို့သည်  လုံခြုံရေးသတိနှင့် အစစအရာရာ မိမိတို့ဒေသများကို ၀ိုင်းဝန်းကာကွယ်ရမည်ဖြစ်ကြောင်း သြ၀ါဒ အမှာစကားတွင် မိန့်ကြားထားသည်။

ရွာစောင့်ထားရှိခြင်းနှင့် ပတ်သက်၍ “အဘတို့ ပန်းဝိုရွာက ရွာစောင့်မထားတာ ၄နှစ်၊ ၅နှစ် လောက်ရှိပြီ။ မထားရခြင်းကတော့ ရပ်ရွာအေးချမ်းလာတာရယ်၊ ရွာက လူငယ်တွေ ထိုင်းနိုင်ငံအလုပ်သွား လုပ်တာများပြီး လူငယ်သိပ်မရှိတာရယ် ကြောင့်ပါ။ ဒါပေမဲ့ အရေးကြုံရင် အဘတို့ ပြန်ထားဖို့ စီစဉ်ထားပါတယ်”  ဟု ပန်းဝိုရွာ၊ ရပ်ရွာအကျိုးဆောင် ဖြားထွက်ထွန်က ပြောသည်။


ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုကော်မတီမှ ဖြားခွန်ဆရာကိုးက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ရှေ့လုပ်ငန်းစဉ်ကို သော်လည်းကောင်း၊ ဖြားပညာသန်က ဒေသရှင်သန် ဖွံ့ဖြိုးရေးလုပ်ငန်းကို သော်လည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ အကြံပေး ဗိုလ်မှူးခွန်ဆန်းကျော်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး(NCA)၊  စစ်ဘက်ဆိုင်ရာလိုက်နာရမည့်ကျင့်ဝတ်နှင့် အမျိုးသား အခွင့်အရေးကို သော်လည်းကောင်း၊ (PNO)ဗဟိုဌာနချုပ်ရုံး၊ ပြည်သူ့ဆက်ဆံရေးဌာနမှ ဌာနမှူးခွန်စောလွင်က ဗဟိုဌာနချုပ်ရုံး ဖွဲ့စည်းပုံနှင့် ဌာနတစ်ခုချင်း၏ လုပ်ဆောင်ချက်များကို သော်လည်းကောင်း ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၊ တပ်ရင်း(၃)မှ ဒု-တပ်ရင်းမှူး ဗိုလ်မှူးမွန်တို့က ကျေးရွာများတွင် ထားရှိရမည့် စည်းမျဉ်းစည်းကမ်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်များကို သော်လည်းကောင်း၊ ကျေးရွာအုပ်စု ဥက္ကဌ ဖြားခွန်လှငွေက ဒေသအခြေအနေ၊ လိုအပ်ချက်များကို သော်လည်းကောင်း အသီးသီး ဟောပြော ရှင်းလင်းပေးခဲ့ကြကြောင်း သိရှိရသည်။

ခွန်ထင်;လေအောင်;
Powered by Blogger.