တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်
၂၀၁၇ခုနှစ်၊ စက်တင်ဘာလ၊ (၂၅)ရက်နေ့ ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် အထူးဒသ(၆)သူရိယခမ်း နောင်ကျေားကျေးရွာအုပ်စု၊ နောင်ရင်းဘုန်းတော်ကြီးကျောင်း၌ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ခမ်း၊ နယ်၊ အွိုင်း မှ လူထုတွေဆုံပွဲအခမ်းအနား ပြုလုပ်ကြောင်းသိရှိရပါသည်။
အဆိုပါပြုလုပ်ပွဲတွင် ဦးစွာပထမ ရတနာသုံးပါး ကန်တော့ပြီး နောင်ရင်းဆရာတော်ထံမှ ငါးပါးသီလနှင့် သြဝါဒများ ခံယူခဲ့ပါသည်။ ဆက်လက်ပြ်ီး အခမ်းအနားသို့တက်ရောက်လာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မိတ်ဆက်ပေးခဲ့ပြီး သူရိယခမ်း ခမ်းဗွေ ဖြားခွန်လှမြင့် ကအဖွင့်အမှာစကားပြောကြားရာ စည်းလုံးညီညွတ်မှ ဘယ်အလုပ်မဆို အောင်မြင်နိုင်မှာဖြစ်ကြောင်း၊ ရှေ့ခေါင်းဆောင်ကြီးများ လုပ်ဆောင်ချက်များအတိုင်း ဆက်လက်လုပ်ဆောင်သင့်ကြောင်းနှင့် ပညားရေးတိုးတက်ရန်အတွက် လုပဆောင်သင့်ကြောင်း အကျယ်တ၀င့် ပြေားကြားခဲ့ပါသည်။
ထိုနောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီ ခွန်ကျော်အေးက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးရှိ ဌာနအသီးသီးမှ လုပ်ဆောင်ချက်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအကြောင်း၊ ပအိုဝ်းအမျိုးသား(PNO)ပါတီ ပေါ်ပေါက်လာပုံအကြောင်း၊ ပအိုဝ်းအမျိုးသား ခေါင်းဆောင်ကြီးဖြားဗွာလှဖေ ချမှတ်ထားပေးသော သံဖိုခနောက် လမ်းစဉ်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယခုပအိုဝ်းအမျိုးသားရင်ဆိုင်နေရသော စိန်ခေါ်မှုအခြေအနေများနှင့် စည်းလုံးညီညွတ်မှုမပျက်ပြားစေရန် စသည်တို့ကို ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပအိုဝ်းအမျိုးသားတပ်မတော်(PNA) အသွင်ပြောင်းပြည်သူစစ်(ဌာနေ)၊ ဗဟိုဌာနချုပ်ရုံး စစ်ဦးစီးမှူး ဒု-ဗိုလ်မှူးကြီး ခွန်ဇော်ပျံ က ပအိုဝ်းလူမျိုးသမိုင်းအကြောင်း၊ ၁၉၉၁ ငြိမ်းချမ်းရေးယူပြီးနောက်ပိုင်း အထူးဒေသ(၆)အတွင်းရှိ တိုင်းရင်းသားများအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဖွံဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိကြောင်း၊ ပအိုဝ်းအမျိုးသားတပ်မတော်(PNA)သည် ၂၀၀၉ ခုနှစ်တွင်အသွင်ပြောင်းပြည်သူစစ်အဖြစ်ခံယူခဲ့ကြောင်း၊ နယ်မြေအတွင်းရှိ မူးယစ်ဆေးဝါးများပပျောက်ရန် ၊ စည်းလုံးညီညွတ်မှုရှိစေရန် နှင့် နယ်မြေလုံခြုံရေးအကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဗိုလ်စံသိန်းဗျူဟာ ဗိုလ်မှူး ခွန်အေးဖေ က ဗျုဟာလှုပ်ရှားမှု အခြေအနေများကို မိဘပြည်သူ သိရှိရန် ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အထူးဒေသ(၆)သထွုံးပေးဝေင်နယ် ဥက္ကဌ ဖြားဆရာပျာ ကရပ်ရွာဒေသဖွံဖြိုးရေးအတွက် ထုတ်ပြန်ထားသောစည်းကမ်းချက်များလိုက်နာသင့်ကြောင်း၊ တောမီးမရှိုရန်၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောများထိန်းသိမ်းရန် ၊(၂၄)နာရီ ရပ်ရွာလုံခြုံမှုရှိစေရန်၊ ပညာရေးသည်အရေးကြီးကြောင်းနှင့် စည်းလုံးညီညွတ် မှုရှိစေရန်တို့ကို အကျယ်တဝန်းပြောကြားခဲ့ပါသည်။ အဆိုပါ လူထုတွေ့ဆုံပွဲအခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ပအိုဝ်းအမျိုးသားတပ်မတော် (PNA) အသွင်ပြောင်းပြည်သူစစ်(ဌာနေ)မှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် နောင်ကျေားကျေးရွာ အုပ်စုရှိ ရွာ(၃၂)အတွင်းနေထိုင်ကြသော ရပ်မိရပ်ဖများ(၆၀၀)နီးပါးတက်ရောက်ကြောင်းသိရှိရပါသည်။
ခွန်ယံသေ
Like On Facebook
Follow On Twitter
Subscribe On RSS