Saturday, September 23, 2017

ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ်မြန်မာ့သိုင်းဆပ်ကော်မတီမှ သင်တန်းပို့ချသော မြန်မာ့ရိုးယာသိုင်းပညာအခြေခံအဆင့် အပိုင်း(၁)သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်




တောင်ကြီးမြို့ ကျောက်တိုင်ကွင်း၌ ၂၀၁၇-ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက် စနေနေ့ ညနေ(၃း၀၀)အချိန်တွင် ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ရှမ်းပြည်နယ် မြန်မာ့သိုင်းဆပ်ကော်မတီမှပို့ချသည့် မြန်မာ့ရိုးယာသိုင်းပညာအခြေခံအဆင့် အပိုင်း(၁) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးဒေါ်နန်းအေးခင်မှ သင်တန်းဆင်းပွဲအဖွင့်အမှာစကားနှင့် လည်းကောင်းသင်တန်း ဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်များကိုလည်း ရှင်းလင်းပြောကြားပေးခဲ့ပါသည်။

ထိုနောက် တက်ရောက်လာသော သင်တန်းသား/သူများကိုယ်စားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး၊ ဆက်လက်၍ သင်တန်းသား/သင်တန်းသူများက မြန်မာ့သိုင်းသစ္စာအဓိဌာန်(၅)ချက် ရွတ်ဆိုခဲ့ကြကာ၊ မြန်မာ့သိုင်းသင်တန်းမှ တက်ရောက်လာကြသော သင်တန်းသား/သူများနှင့် သင်တန်းနည်းပြများအား သင်တန်းဆင်းလက်မှတ်ဂုဏ်ပြုပေးအပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များကို  မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအောင်နိုင်ဦးမှ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတက်ရောက်လာသော သင်တန်းသား/သူများအနက် ထူးချွန်ဆု ရရှိသူများအား ပင်လောင်းမြို့နယ်မှ မူမြတ်ကေသီအေး တတိယဆု ၊ မိုးနဲမြို့နယ် စိုင်းဟတ်ခေး ဒုတိယဆု၊ လဲချားမြို့နယ်မှ စိုင်းဇော်လင်း ပထမဆု အသီးသီးဆုရရှိခဲ့ကြကြောင်း သိရှိရပါသည်။

၎င်း ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ရှမ်းပြည်နယ် မြန်မာ့သိုင်းဆပ်ကော်မတီမှ ပို့ချသည့် မြန်မာ့ရိုးယာသိုင်းပညာအခြေခံအဆင့် အပိုင်း(၁)ကို ရှမ်းပြည်နယ်ရှိ မြို့နယ်ပေါင်းစုံမှ သင်တန်းသား/သူ ဦးရေ(၆၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခွန်ဗန်ထို

Powered by Blogger.