Thursday, October 19, 2017

တောင်ကြီးမြို့တွင် Lifeline Express ထူးချွန်ဆရာဝန်အဖွဲ့မှ မျက်စိအခမဲ့ခွဲစိတ်ကုသမှု လာရောက်ဆောင်ရွက်ပေး

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်







၂၀၁၇ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့တွင် တောင်ကြီးမြို့၊ ကုတင်(၅၀၀)ဆံ့၊ စဝ်စံထွန်းဆေးရုံ၌ တရုတ်နိုင်ငံရှိ Lifeline Express ထူးချွန်ဆရာဝန်အဖွဲ့မှ မျက်စိဝေဒနာခံစားနေရသော ရောဂါဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသမှုကို လာရောက် ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါခွဲစိတ်ကုသမှု ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ-  ဆင်းရဲနွှမ်းပါးပြီး မျက်စိဝေဒနာခံစားနေရသော ရောဂါဝေဒနာရှင်များကို အလင်းပြန်မြင် စေရန်စသောရည်ရွယ်ချက်ဖြင့် ခွဲစိတ်ကုသမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ထိုခွဲစိတ်ကုသမှုသည် အောက်တိုဘာလ (၁၉)ရက်မှစ၍ (၂၅)ရက်ထိ ခွဲစိတ်ကုသ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ခွဲစိတ်ကုသမှုခံယူသည့် ဒေသပေါင်းစုံမှ မျက်စိရောဂါဝေဒနာရှင် (၃၀၀)ခန့်ရှိကြောင်း သိရှိရပါသည်။

ထို့နောက် Lifeline Express ထူးချွန်ဆရာဝန်အဖွဲ့များအနေဖြင့် နေပြည်တော်တွင်လည်း မျက်စိဝေဒနာခံစားနေရသော လူနာများကို ဆက်လက်ခွဲစိတ်ကုသ ဆောင်ရွက်ပေးသွားအုံးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ခွန်ယံသေ
Powered by Blogger.