Wednesday, January 10, 2018

ကိုယ်ထူကိုယ်ထဖောက်လုပ်နေဆဲမြေသားလမ်းအခြေအနေအား တာဝန်ရှိပုဂ္ဂိုလ်များက ကွင်းဆင်းကြည့်ရှု့စစ်ဆေး

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၀) ရက်







ကျောက်တလုံးကြီးမြို့နယ် နှင့် ညောင်ရွှေမြို့နယ် မြို့နယ်ချင်းဆက် ထီဝါမွူး - နမ့်လီ (၃) မိုင်ခွဲ ကိုယ်ထူကိုယ်ထဖောက်လုပ်နေဆဲမြေသားလမ်းအခြေအနေကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး ဥက္ကဌ ဖြားခွန်စံလွင် နှင့် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ တို့သည် ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၀) ရက်၊ မွန်းလွှဲပိုင်းတွင် ကွင်းဆင်းကြည့်ရှု့စစ်ဆေးကြောင်းသိရသည်။

အဆိုပါ ကိုယ်ထူကိုယ်ထဖောက်လုပ်ဆဲလမ်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဖြားခွန်စံလွင် က စက်ယန္တရားများထုတ်ပေးပြီး ဒေသခံပြည်သူများက လူအင်အားများဖြင့် ဖောက်လုပ်နေသည့်လမ်းများဖြစ်ကြောင်း သိရသည်။ ထိုသို့်တွေ့ဆုံရာတွင် ဒေသခံပြည်သူများများ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန်နှင့် အဆင်ပြေချော့မွေ့စွာ သွားလာနိုင်ရန်အတွက် ဒေသခံများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဆွေးနွေးခဲ့ကြောင်းသိရသည်။

နန်းအိနြေ္ဒခမ်း
Powered by Blogger.