Wednesday, January 24, 2018

ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်း၌ အခြေခံမီးသတ်ပညာနှင့် ကြက်ခြေနီ(သာမန်)သင်တန်းဆင်းပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၅)ရက်







ရှမ်းပြည်နယ်၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအသင်းနှင့် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို) တို့မှ ပူးပေါင်းဖွင့်လှစ်သော အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် ၁/၂၀၁၈ နှင့် ကြက်ခြေနီသင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့ ညနေ(၅း၀၀)နာရီအချိန်တွင် ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ) ကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် တောင်ကြီးခရိုင် မီးသတ်ဦးစီးဌာန ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်သူက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ ရှမ်းပြည်နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ဒု-တပ်ဖွဲ့မှူး ဦးအောင်ကျောင်မျိုးမှ အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုအလုပ်မှုဆောင် ဖြားခွန်ထွန်းဖြူမှ သင်တန်းဆရာများကို ဂုဏ်ပြုလက်မှတ်များပေးအပ်ခြင်း၊  ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို)ဥက္ကဋ္ဌ ဖြားခွန်ဝင်းကိုမှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရှေးဦးသူနာပြုစုခြင်း (သာမန်)သင်တန်း အမှတ်စဉ် (၁/၂၀၁၈)သင်တန်းဆင်း သင်တန်းသားများအား သင်တန်းဂုဏ်ပြုမှတ်တမ်းများပေးအပ်ခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခြေခံစစ်ရေးပြ ထူးချွှန်ဆုကို ခွန်မြတ်အောင်နှင့် နန်းငဲနွန်း၊ ပထမဆုကို နန်းဗိုခမ်း၊ ဒုတိယဆုကို နန်းခမ်းကျော့၊ တတိယဆုကို ခွန်အောင်လှ တို့ကရရှိပြီး ၄င်းတို့ကိုလည်း အသီးသီးဆုချီးမြှင့်ပေးခဲ့ပြီးနောက် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဖြားခွန်ဝင်းကို မှကျေးဇူးတင်းစကားပြောကြားခဲ့ပါသည်။

ထိုသင်တန်းဆင်းပွဲသို့ တောင်ကြီးခရိုင် မီးသတ်ဦးစီးဌာနမှတာဝန်ရှိ ပုဂ္ဂိုလ်များ၊ ရှေးဦးသူနာပြု ကြက်ခြေနီအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ သင်တန်းသူ/သားများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်ယံသေ
Powered by Blogger.