Wednesday, January 24, 2018

ဖောက်လုပ်နေဆဲကတ္တရာလမ်းအား အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ နှင့် တာဝန်ရှိပုဂ္ဂိုလ်တို့က ကွင်းဆင်းကြည့်ရှု့စစ်ဆေး

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၄)ရက်










တောင်ကြီးမြို့နယ်၊ ကန်လောင်း- ဖက်ကွန်- လင်းလေ- ဇလဲ လမ်း ၁၇.၃၆ ကီလိုမီတာအရှည် ကတ္တရာလမ်းဖောက်လုပ်ခြင်းအခြေအနေကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၄) ရက်နေ့တွင် ကွင်းဆင်းကြည့်ရှု့စစ်ဆေးကြောင်းသိရသည်။

အဆိုပါ ကတ္တရာလမ်းဖော်လုပ်ခြင်းသည် ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ (KFW Bank ) မှ လှူဒါန်း၍ Kham Wo  ကုမ္ပဏီ နှင့် Shwe Mann ကုမ္ပဏီတို့ တာဝန်ယူဆောင်ရွက်ပေးပြီး ၂၀၁၈ ခုနှစ် ၊ ဇူလိုင်လတွင် ပြီးစီးအောင် ခင်းကျင်းသွားမည်ဖြစ်ကြောင်း၊ အဆိုပါလမ်းခင်းပေးခြင်းဖြင့် ကန်လောင်း၊ ထီခြုံ၊ ဖက်ကွန်၊ ထီပသဲ့၊ လင်းလေ၊ တောင်ကြား စသည့်ကျေးရွာတို့က အကျိုးပြုသွားမည်ဖြစ်ကြောင်း၊ ဖက်ကွန်ကျေးရွာအုပ်စု အတွင်းရှိ ကျန်ရှိနေသော ကျေးရွာချင်းဆက် မြေသားလမ်း၊ ကျောက်ချောလမ်း၊ ကတ္တရာလမ်း စသည့်လိုအပ်ချက်များကို လွတ်တော်ကိုယ်စားလှယ်ထံမှသော်လည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှသော်လည်းကောင်း လမ်းပန်းဆက်သွယ်ရေး၊ သက်ဆိုင်ရာဌာနများထံမှသော်လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေး စသည့်ဒေသလိုအပ်ချက်များကို ဆက်လက်တင်သွင်းသွားမည်ဖြစ်ကြောင်း ဖက်ကွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ခွန်ကျော်တင်ကပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေက ဖက်ကွန်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံကြောင်းသိရှိရပါသည်။

နန်းအိနြေ္ဒခမ်း

Powered by Blogger.