Wednesday, January 24, 2018

အောင်တော်မူစေတီ ဘုရားစေတီ(၃)ဆူအား ထီးတော်တင်ပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၅)ရက်







ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ၊ နောင်ပီကျေးရွာအုပ်စု၊ နောင်ပီကျေးရွာရှိ ရှေးဟောင်းအောင်တော်မူစေတီ (၃)ဆူ ပြုပြင်မွမ်းမံပြီး သက္ကရာဇ်-၁၃၇၉ခုနှစ်၊ တပို့တွဲလဆန်း(၉)ရက်(၂၅/၁/၂၀၁၈) ကြာသပတေးနေ့ ၊ နံနက်(၉း၀၀)နာရီ အချိန်တွင် အဆိုပါ ဘုရားစေတီ (၃)ဆူ အား ထီးတော်တင်လှူခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ထီးတင်ပွဲတွင် ပင့်သံဃာ(၃၂)ကျောင်း ပင်ဆော့င်ပြီး ၎င်းထီးတင်ပွဲတွင် ပအိုဝ်းအမျိုးသားတပ်မတော်(PNA) ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးခွန်မြင့်အောင်နှင့် အဖွဲ့ဝင်များ၊ ပင်လောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့်အဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံးဝန်ထမ်းများနှင့် ရပ်နှီးရပ်ဝေးကျေးရွာမှ ပွဲလာပရိတ်သတ်များ လာရောက်ကုသိုလ်ယူဖူးမြော်ခဲ့ကြောင်း၊ မွန်းလွဲပိုင်း (၂း ၀၀)နာရီ အချိန်တွင် တရားတော်နာ ရေစက်ချအမျှဝေခဲ့ကြောင်း သိရှိရပါသည်။

Khun Naung Naung
Powered by Blogger.