Tuesday, January 30, 2018

ကျောက်တလုံးကြီးမြို့တွင် အမှတ်(၂)စစ်မြေပြင်ဆေးတပ်ရင်း တပ်မတော် နယ်လှည့်ဆေးကုသပေးအဖွဲ့ ဆေးကုသမှု ဆောင်ရွက်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၃၀) ရက်






အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၂) စစ်မြေပြင်ဆေးတပ်ရင်း တပ်မတော်နယ်လှည့် ဆေးကုသရေး အဖွဲ့သည် ၂၀၁၈ခုနှစ်၊ ဇန်န၀ါရီလ (၃၀)ရက် နံနက် (၁၁း၀၀)နာရီ အချိန်တွင် ကျောက်တလုံးကြီးမြို့ အောင်ဓမ္မစေတီကုန်းပေါ်ကျောင်းတွင် ဆေးကုသမှုပြုလုပ်ဆောင်ရွက်
ပေးလျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၂) စစ်မြေပြင်ဆေးတပ်ရင်း တပ်မတော်နယ်လှည့် ဆေးကုသရေး အဖွဲ့မှ ဆေးကုသလျက်ရှိရာတွင် အထွေထွေသမားတော်(၃)ဦး၊ ခွဲစိပ် ပါရဂူ (၁)ဦး၊ ဓါတ်မှန် ပါရဂူ (၁) ဦး၊ သားဖွားမီးယပ် ပါရဂူ (၁) ဦး၊ Dental (၁) ဦး၊ သူနာပြု အရာရှိ (၄) ဦး၊ သူနာပြု တပ်ကြပ်ကြီး (၃) ဦး၊ သူနာပြုအကူဆရာမ (၂) ဦးတို့က ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

ထိုသို့ကုသဆောင်ရွက်ပေးလျက်ရှိရာမှာ အရေပြားရောဂါနှင့်ပတ်သက်ပြီး ခံစားနေရသော ရောဂါဝေဒရှင်များ၊ သွားနှင့်ခံတွင်းခံစား နေရသောရောဂါဝေဒရှင်များ၊ အမျိုးသမီးနှင့်ပတ်သက်သော သားဖွားမီးယပ်များ၊ ကျန်းမာ ရေးချို့တဲ့သော ကလေးသူငယ်များနှင့် အခြားရောဂါဝေဒနာများ ကျောက်တလုံးကြီးမြို့တွင် နေထိုင်လျက်ရှိ သော ရောဂါဝေဒနာခံစားနေရသည့် မိဘပြည်သူများ(၂၀၀)ကျော်ခန့်ကို ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

ခွန်ယံသေ
Powered by Blogger.