Saturday, January 27, 2018

ဘိန်းအစားထိုး ကော်ဖီစိုက်တောင်သူများအတွက် အရည်အသွေးမြင့် အထူးတန်းဝင်ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာသင်တန်းပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၇) ရက်








ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် လုံးဟေးကျေးရွာတွင် ဘိန်းအစားထိုး ကော်ဖီစိုက်တောင်သူများအတွက် အရည်အသွေးမြင့် အထူးတန်းဝင်ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာသင်တန်းအခမ်းအနားကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက် နံနက်(၁၀း၃၀)အချိန်တွင် လုံးဟေးဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ အဖွင့်အမှာစကားပြောကြားရာ ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု  အစားထိုးသီးနှံ စိုက်ပျိုးဆောင်ရွက်ခြင်းလုပ်ငန်းကို မြို့နယ်ပေါင်း(၄၁)မြို့တွင်  ဆောင်ရွက်လျက်ရှိရာ ဟိုပုံးမြို့နယ်လည်း အပါအဝင်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း ကော်ဖီစိုက်ဧကပေါင်း(၂၇၀၀၀)ခန့်ရှိပြီး ဟိုပုံး၊ ရွာငံ၊ လွိုင်လင်မြို့နယ်များရှိ ကျေးရွာပေါင်း(၆၀) မှာ ကော်ဖီဧကပေါင်း(၃၀၀၀)ခန့် စိုက်ပျိုးထားကြောင်း သိရှိရပါပြီး၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူများ စုစည်းကာ “Green Gold” ကော်ဖီ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမီတက်ကိုပါ ဖွဲ့စည်းခဲ့ကြောင်း ကိုလည်းသိရှိရတဲ့အတွက် များစွာဂုဏ်ယူမိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍  စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော် ရာသီကော်ဖီသီးနှံဌာနခွဲ ညွန်ကြားရေးမှူး ဦးမြင့်ဆွေက အမှာစကားပြောကြားခဲ့ပြီး၊  ဟိုပုံးမြို့ ကော်ဖီစိုက်တောင်သူများ သမဝါယမအသင်း မှ ဦးလှစိုးကလည်း အမှားစကားပြောကြားခဲ့ပြီးနောက် တက်ရောက်လာသောရွားသူရွားသားများကို ကုန်းမြင့်ကော်ဖီမျိုးစေ့များ၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်နည်း ပညာပေး စာစောင်များ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ထိုနောက် ရှမ်းပြည်နယ် ဝန်းကြီးချုပ်ဒေါက်တာလင်းထွဋ် ၊စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့်အခြားတာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌ ဖြားခွန်စံလွင် ၊အမျိုးသားလွတ်တော်ကိုယ်စာလှယ် ဖြားခွန်သိန်းဖေနှင့်အခြားတာဝန်ရှိပုဂ္ဂိုလ်များမှ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို လိုက်လံကြည့်ရှုးခဲ့ကြောင် သိရှိရပါသည်။

ခွန်ယံသေ



Powered by Blogger.