Monday, January 29, 2018

ဟိုပုံးမြို့နယ်​၊ ​ကျောက်​တန်း​ဒေသရှိ၊ ဒေသခံပြည်​သူများကိုယ်​ထူကိုယ်​ထ​ဖောက်​လုပ်​​သော​မြေသားလမ်းကို အမျိုးသားလွတ်​​တော်​ကိုယ်​စားလှယ်​ ဖြားခွန်​သိန်း​ဖေ သွား​ရောက်​ကြည့်​ရှု

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၉) ရက်




၂၀၁၈ခုနှစ်​၊ ဇန်​နဝါရီလ(၂၉)ရက်​တွင်​ ပအိုဝ်း​အမျိုးသားလွတ်​​တော်​ကိုယ်​စားလှယ်​ ဖြားခွန်​သိန်​​ဖေမှ ​ဟိုပုံးမြို့နယ်​၊ ​ကျောက်​တန်း​ဒေသရှိ၊ ဦးခွန်​​ကျော်​စိန်​မှဦး​ဆောင်​ပြီး တနွိုင်​ဝွိုန်​-​ဟွေးလုံ-ဟို​ဟွေး-အွဲးခြမ်​-တွန်းဟုတ်​-ထီဖူ-​တောင်​ကျိန်​-​မောက်​မွန်း-ဒုံ​ပုံ-ပွုံတွို့-မဲုင်းတ​ခေါင်​​လမ်းပိုင်းရှိ ဒေသခံပြည်​သူလူထုများနှင့်​ ပူး​ပေါင်းပြီး ကိုယ်​ထူကိုယ်​ထ​မြေသားလမ်း​ဖောက်​လုပ်​​ထားသော လမ်းအရှည်​(၁၂)မိုင်​လမ်းပိုင်းအား သွား​ရောက်​ကြည့်​ရှုခဲ့​ကြောင်းသိရှိရပါသည်​။

မြေသားလမ်း​ဖောက်​လုပ်​ရခြင်းရည်​ရွယ်​ချက်​မှာ "​တောင်​​ပေါ်​ဒေသလမ်းသည်​ လမ်းပန်းဆက်​သွယ်​​ရေးခက်​ခဲကြမ်းတမ်းကာ သွားလာရခက်​ခဲပြီး ကူးသန်း​ရောင်းဝယ်​​ရေးတွင်​လည်းအဆင်​မ​ပြေ​ကြောင်း၊ ထို့​ကြောင့်​သွားလာရဆင်​​ပြေ​ချော​မွေ့​စေရန်​ဖောက်​လုပ်​ရခြင်းဖြစ်​​ကြောင်း၊ ကုန်​ကျစရိတ်​မှာ သိန်း​ပေါင်း(၂၅၀)ခန့်​ဖြစ်​ပြီး၊ ၎င်းလမ်းကို အသုံးပြု​သော​ကျေးရွာစုစု​ပေါင်း (၁၁)ရွာရှိသည်​" ဟု​ထို​မြေသားလမ်း​ကို ဦး​ဆောင်​ပြီး​ဖောက်​လုပ်​​ပေးခဲ့​သော​ကျောက်​တန်း​ဒေသရှိ ဦးခွန်​​ကျော်​စိန်​မှ ​ပြောကြားခဲ့ပါသည်​။

ထိုသို့ ပအိုဝ်းအမျိုးသားလွတ်​​တော်​ကိုယ်​စားလှယ်​ ဖြားခွန်​သိန်း​ဖေ၊ ဟိုပုံးမြို့နယ်​၊ ပြည်​နယ်​လွတ်​​တော်​ကိုယ်​စားလှယ်​ အမှတ်​(၁)ဖြားခွန်​​မောင်​ဖြူ၊ ဟိုပုံးမြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦးနန်း​တင့်၊ ဟိုပုံးမြို့နယ်​ ​ကျေးလက်​ကျန်းမာ​ရေးဦးစီးဌာန ဒုဦးစီးမှူး ​ဒေါ်သီတာဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​(PNO)ရုံးအဖွဲ့မှူး ​စောခွန်​​ကျော်​ဝင်း၊ ဘဏ္ဍာ​ရေးမှူး ဦးခွန်​မျိုးထွန်း၊ လွတ်​​တော်​​ရေးရာဌာန မူ​အေးနု၊​ကျောက်​တန်း​ဒေသရှိ ဦးခွန်​​ကျော်​စိန်​နှင့်​အဖွဲ့များနှင့်​ မြင့်မိုလွင်​တည်​​ဆောက်​လုပ်​​ရေးကုမ္ပဏီ​ ဒါရိုက်​တာ ဦး​ကျော်​စိုးဦး၊ အင်​ဂျင်​နီယာ ဦးရဲလင်း​အောင်​တို့ သွား​ရောက်​ကြည့်​ရှုခဲ့​ကြောင်း သိရှိရပါသည်​။

နန်းတဆံထီ
Powered by Blogger.