Tuesday, February 13, 2018

အမျိုးသ္မီးများအတွက် ဈေးကွက်ဆိုင်ရာ အခွင့်အလမ်းများတိုးတက်ရရှိရေးအတွက် သက်ဆိုင်ရာငွေကြေးအဖွဲ့အစည်းများနှင့် ရွာသူ/ရွာသားများတွေ့ဆုံပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်



တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး အစည်းအဝေးခန်းမတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက် (PDN) ဦးဆောင်၍ အမျိုးသ္မီးများအတွက် ဈေးကွက်ဆိုင်ရာအခွင့်အလမ်းများ တိုးတက်ရရှိရေးအတွက် သက်ဆိုင်ရာငွေကြေးအဖွဲ့အစည်းများနှင့် ရွာသူ/ရွာသားများတွေ့ဆုံဆွေးနွေးပွဲကို(၁၃-၂-၂၀၁၈)ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ တောင်ကြီးမြို့နယ် သမဝါယမဦးစီးဌာနနှင့် PGMF (ပက်မြန်မာ)တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ဆီဆိုင်မြို့နယ်၊ တောင်ကြီးမြို့နယ်၊ ကျောက်တစ်လုံးကြီးမြို့နယ်မှ ကျေးရွာ(၁၇)ရွာ၊ ရွာသူ/ရွာသားများ(၆၀)ဝန်းကျင်က တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

၎င်းတွေ့ဆုံပွဲ၏ ရည်ရွယ်ချက်မှာ-  တောင်သူအမျိုးသ္မီးများ ငွေကြေးဝန်ဆောင်မှုနည်းလမ်းများ သိရှိနိုင်အာင် လယ်ယာသုံးပစ္စည်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင်ပူးပေါင်းချိတ်ဆက်နိုင်ရန်အတွက် တွေ့ဆုံပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

ခွန်ထွိုက်ခမ်း
Powered by Blogger.