Saturday, March 3, 2018

အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း ဆီဆိုင်မြို့ သောက်သုံးရေပေးဝေရေး နှင့် တစ်ဖက်ပိတ်ဆည် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် ကြည့်ရှု

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၅) ရက်








ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ သောက်သုံးရေပေးဝေရေးနှင့် တစ်ဖက်ပိတ်ဆည် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၈ခုနှစ်၊ မတ်လ (၃) ရက် နေ့လယ် (၁း၀၀)နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက တက်ရောက်ကြည့်ရှု အားပေးခဲ့ပြီး  အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က အဖွင့်အမှာစကား နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချူပ် ဒေါက်တာလင်းထွဋ်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံသံရုံး၊ သံအမတ် မစ္စတာကဇုယုတိ တကိမိ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဖြားခွန်စံလွင် တို့က အမှာစကားများ ပြောကြားခဲ့သည်။

ထို့နောက် (TPA) အဖွဲ့အစည်းအလှူရှင် မစ်ရှိပါတာမှ လှူဒါန်းမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံကိုယ်စား ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာ ရပ်မိရပ်ဖ ကိုယ်စား ဦးခွန်စံဝင်းက ကျေးဇူးတင်စကားပြောကြားကာ လှူဒါန်းမှုနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို(TPA)အဖွဲ့အစည်း အလှူရှင်မှ မြို့ရေ ဖြန့်ဝေးရေးနှင့် ထိန်းသိမ်းရေးစောင့်ရှောက်ရေး ကော်မတီထံသို့ လွှဲပြောင်းပေး အပ်ခဲ့ပါသည်၊။

ဆက်လက်၍ ပြည်ထောင်စုအမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ ဂျပန်နိုင်ငံသံရုံး၊ သံအမတ် မစ္စတာ ကဇုယုတိ တကိမိ၊(TPA) အဖွဲ့အစည်းမှအလှူရှင် မစ်ရှိပါတာတို့က ကမ္ဗည်းကျောက်စာတိုင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိဏ်းကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံသံရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် သံအမတ် မစ္စတာကဇုယုတိတကိမိ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ တို့က အထိမ်းအမှတ် သစ်ပင်များ စိုက်ပျိုးခဲ့ကြပါသည်။

ထိုနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များမှ သောက်သုံးရေ ပေးဝေရေးလုပ်ငန်းနှင့် တစ်ဖက်ပိတ်ဆည်အား လှည့်လည်ကြည့်ရှုးခဲ့ကြောင်း သိရသည်။

ခွန်ယံသေ
Powered by Blogger.