Tuesday, March 6, 2018

တောင်ကြီးမြို့၊ လုံးကောင်ရွာ၊ ပညာဥယျဉ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နွေရာသီစွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၆)ရက်





၂၀၁၈-ခုနှစ်၊ မတ်လ(၆)ရက်နေ့၊ နံနက်(၈း၃၀)အချိန်တွင် တောင်ကြီးမြို့၊ လုံးကောင်ရွာ၊ ပညာဥယျဉ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နွေရာသီစွမ်းရည်မြှင့်သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါသင်တန်းကို ပို့ချရသည့်ရည်ရွယ်ချက်မှာ "မိမိကိုယ်ကို သိရှိနားလည်စေရန်၊ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိစေရန်၊ ကိုယ်အားကိုကိုးတတ်စေရန်၊ သူတစ်ပါးကို စာနာထောက်ထားတတ်စေရန်၊ စကားပြောရဲဆိုရဲပြီး ဆက်ဆံရေးအဆင်ပြေစေရန်၊ ဦးစီးဦးဆောင်တတ်စေရန်နှင့် မိမိအသိစိတ်နှင့် အလုပ်လုပ်ကိုင်တတ်စေရန်" ဖြစ်သည်ဟု စေတနာ့ကျောင်းဆရာ ဦးခွန်ရဲသွေးမှ ပြောကြားခဲ့ပါသည်။

ထိုသင်တန်းသို့ သင်တန်းသား/သူ (၅၆)ဦးတက်ရောက်ပြီး၊ သင်တန်းကာလမှာ (၅.၃.၂၀၁၈မှ၁၅.၃.၂၀၁၈)ထိဖြစ်ကာ သင်တန်းချိန် နံနက်(၈း၃၀)နာရီမှ ညနေ (၃း၃၀)နာရီထိ ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါသင်တန်းဖြစ်မြောက်ရေးအတွက် ပညာဥယျဉ်ဘုန်းတော်ကြီး ဆရာတော်ဦးအဂ္ဂဝံသမှ ထောက်ပံ့ပေးပြီး သင်တန်းပို့ချပေးသူမှာ ပညာဥယျဉ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် စေတနာ့ကျောင်းဆရာ ဦးခွန်ရဲသွေးနှင့် စေတနာ့ဝန်ထမ်း ဦးဖိုးထွန်းနိုင်တို့မှ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

နန်းတဆံထီ
Powered by Blogger.