Friday, May 11, 2018

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တာဝန်ရှိပုဂ္ဂိုလ်များ ဟိုပုံးမြို့နယ်အတွင်းရှိ လမ်းအခြေအနေများအား ကွင်းဆင်းကြည့်ရူစစ်ဆေး

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မေလ (၁၁) ရက်




ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တာဝန်ရှိပုဂ္ဂိုလ်များက ဟိုပုံးမြို့နယ်အတွင်းရှိ ဖောက်လုပ်ပြီးစီးသောလမ်း၊ ဖောက်လုပ်နေဆဲလမ်း နှင့် ဖောက်လုပ်မည့်လမ်းအခြေအနေများကို သိရှိနိုင်ရန်အတွက် ကွင်းဆင်းကြည့်ရှု့စစ်ဆေးကြောင်းသိရသည်။

ဒေသဦးစီး ဥက္ကဌ ဖြားခွန်စံလွင်၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ နှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များအဖွဲ့၊ ခမ်း၊ နယ်၊ အွိုင်း မှ တာဝန်ရှိပုဂ္ဂိုလ်များသည် ဒီကနေ့ မွန်းလွဲ (၃း၀၀) နာရီ အချိန်တွင် နမ့်ဗဟွန်း၊ သက်သာ၊ ပုံချောင် (၁၃) မိုင် မြေသားလမ်းသည် (၁၀) မိုင်ဖောက်လုပ်ပြီးစီးပြီး ကျန်ရှိနေသော (၃) မိုင်လမ်းအခြေအနေကိုလည်းကောင်း၊ ကျောက်တန်း၊ ထီတခု၊ နောင်ဒေး၊ နောင်ဝဲုင်၊ မီရဲ့ (၁၆) မိုင်လမ်းသည် (၆) မိုင် ကျောက်ချောလမ်းဖောက်လုပ်ပြီးစီးပြီး ကျန်ရှိသော (၁၀) မိုင်လမ်းအခြေအနေကိုလည်းကောင်း၊ ဆပ်တော်၊ နောင်ဒေး၊ (၁၃) မိုင် ခြေသားလမ်းအခြေအနေကိုလည်းကောင်း၊ ကမ္ဘောဇကုမ္ပဏီ မှ လှူဒါန်းသော တိုးဂိတ်လမ်းခွဲ မှကမ္ဘောဇ ကုမ္ပဏီ ထိ (၆) မိုင် ကတ္တရာလမ်းခင်းကျင်းမည့် လမ်းအခြေအနေကိုလည်းကောင်း ကွင်း ဆင်းကြည့်ရှု့စစ်ဆေးကြောင်းသိရှိရပါသည်။

အဆိုပါ ခရီးစဉ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး ဥက္ကဌ ဖြားခွန်စံလွင် နှင့် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ ၊ ဟိုပုံးမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်ဖြူ နှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ခမ်း၊ နယ်၊ အွိုင်း မှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါကြည့်ရှု့စစ်ဆေးကြောင်းသိရှိရပါသည်။

 နန်းအိနြေ္ဒခမ်း

Powered by Blogger.