Saturday, May 5, 2018

နားဘောင်ဒေသ ဗိုလ်ချန်ဇုံကွင်း၌ ပထမအကြိမ် U 20အောက် ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပပြီးစီး

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မေလ (၅) ရက်











တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာအုပ်စု၊ ပအိုဝ်းအမျိုးသားပိုင်၊ ဗိုလ်ချန်ဇုံ နားဘောင်ဘောလုံးကွင်း၌ ဘောလုံးဝါသနာရှင်၊ စေတနာရှင် စီးပွားရေးလုပ်ငန်းရှင်များနှင့် လူကြီးမိဘပြည်သူများပံ့ပိုးကူညီမှုဖြင့် ပထမအကြိမ် U 20အောက် ဘောလုံးပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ပအိုဝ်းအမျိုးသားပိုင် နားဘောင်ဘောလုံးကွင်း၌ ကျင်းပခဲ့သော ဘောလုံးပြိုင်ပွဲမှာ21-4-2018 ရက်မှ 5.5.2018 ရက်နေ့အထိကျင်းပခဲ့ပြီး အသင်းပေါင်း 39 သင်းယှဉ်ကစားခဲ့ကာ အားကြိုးမာန်တတ် ပထမရဆုရယူဖို့ရန် တစ်ဆင့်ပြီးတစ်ဆင့် လှေကားထစ်ပေါင်းများစွာဖြတ်ကျော်ခဲ့ပြီး ရပ်ရွာဂုဏ်သရေဆောင် ဒေသဂုဏ်သရေဆောင်စေဖို့အလို့ငှါ နောက်ဆုံး ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့သော ထီသိမ်အသင်းနှင့် ထီဗွာအသင်းတို့ ယှဉ်ပြိုင်ကစားရာမှာ မိနစ် 90 တွင် ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့ပြီး နာကျင်အချိန်ပိုဆက်လက်ယှဉ်ပြိုင်ကစားရာမှာလည်း အနိုင်မခံ အရှုံးမပေး၊ ဂိုးမရှိသရေဖြင့် အဆုံးသတ်ခဲ့ပြီးနောက် ဘောလုံးစည်းကမ်းအရ ပင်နယ်တီကန်သွင်းခဲ့ရာမှာ ထီသိမ် အသင်းက 6- 4 ဂိုးဖြင့် အနိုင်ယူ ဗိုလ်စွဲခဲ့ကာ ဒုတိယဆုအနေဖြင့် ထီဗွာအသင်း၊ တတိယဆု လွယ်ကောင်းအသင်းတို့မှ ဆွတ်ခူးရရှိခဲ့ပါသည်။

ထို့နောက် ဘောလုံးပြိုင်ပွဲ ကျင်းပရခြင်း၏ ရွည်ရွယ်ချက်မှာ ကျောင်းနေကလေးလူငယ်များအနေဖြင့် စာမေးပွဲဖြေဆိုပြီး ကျောင်းပိတ်စဉ်ကာလအတွင်း စိတ်လေလွင့် မှုမရှိစေရန်နှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှုရှိစေရန်၊ ကျန်းမာရေးအရ တစ်ဖက်တလမ်းမှ အထောက်အကူပြုခြင်း၊ ယခုလက်ရှိ MNL ကဲ့သို့ professional ဘောလုံးသမားကောင်းများ ပေါ်ထွက်လာစေရေးနှင့် ပအိုဝ်းလူမျိုးများထဲမှ ဘောလုံးသမားကောင်းများပေါ်ထွန်းလာစေရေး၊ မြို့နယ်၊ ခရိုင်ပြည်နယ်အဆင့်၊ နိုင်ငံကိုယ်စားပြု ဘောလုံးသမားကောင်းများပေါ်ထွန်းလာစေရေးနှင့် မူးယစ်ဆေးဝါးမရှိစေရေး၊ မူးယစ်သားကောင်မဖြစ်စေရေးတို့ကို တစ်ဖက်တလမ်းမှ အထောက်အကူပြုစေသောအနေဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပွဲဖြစ်မြှောက်ရေးကော်မီတီတစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

နယ်းကူ - ခွန်ဗီး

Powered by Blogger.