Friday, June 1, 2018

ပင်ဖြစ်ကျေးရွာရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးရုံးတွင် မြို့နယ်လုံးဆိုင်ရာ လူထုတွေ့ဆုံပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁) ရက်












ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပြည်သူ့ဆက်ဆံရေးဌာန နှင့် ရပ်စောက်မြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီရုံးတို့ ပူးပေါင်းပြီး ရပ်စောက်မြို့နယ်၊ မြို့နယ်လုံးဆိုင်ရာ လူထုတွေ့ဆုံပွဲကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁) ရက်၊ နံနက် (၉း၄၀) အချိန် ပင်ဖြစ်ကျေးရွာ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေးရုံးတွင်  ပြုလုပ်ကြောင်းသိရသည်။

အဆိုပါလူထုတွေ့ဆုံပွဲတွင် ရပ်စောက်မြို့နယ် PNO ပါတီ အတွင်းရေးမှူး (၂) ခွန်ထွန်းရွှေက အဖွင့်အမှာစကား ပြောကြားပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပြည်သူ့ဆက်ဆံရေးဌာန ဌာနမှူး ခွန်စောလွင် က လူငယ်များအလုပ်အကိုင်အခွင့်အလမ်းနှင့် အစိုးရဌာနတွင် တာဝန်ထမ်းဆောင်နိုင်သည့်အခွင့်အရေးများကို အကျယ်တ၀င့်ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်း က မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအခြေအနေပြောင်းလဲမှုများ၊ ပအိုဝ်းလူမျိုးတို့၏ ငြိမ်းချမ်းရေးအကြောင်းအရာများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအကြောင်းအရာများ နှင့် အမျိုးသားဒီမိုကရေစီအကြောင်းအရာများကို အကျဉ်းချုပ်ရှင်းလင်းပြောကြားခဲ့ပြီး၊ ယမ်းတွင်းငါးကြောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ခွန်သန်းမောင် က အုပ်ချုပ်ရေးပိုင်းဆိုင်ရာအကြောင်းအရာများ၊ အိမ်ထောင်စုဇယား၊ မှတ်ပုံတင် မရှိသူများ ရရှိအောင်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ ပြည်သူများ၏ မြေယာပိုင်ဆိုင်မှုများကို ပုံစံ (၇) ရရှိရေး စသည့်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် လေ့ကျင့်ပညာပေးရေးဌာန ဌာနမှူး ခွန်ဆောင်းရွှေ က ဒီမိုကရေစီအကြောင်းအရာများနှင့် အမျိုးသားဒီမိုကရေစီအကြောင်းအရာများကို အကျယ်တ၀င့်ရှင်းလင်းပြောကြားပြီး ဌာနလုပ်ငန်း ဆောင်ရွက်ချက်များဖြစ်သော သင်တန်းပို့ချခြင်း၊ စွမ်းရည်မြှင့်သင်တန်း၊ အခြေခံစီးပွားရေးသင်တန်း၊ အခြေခံအစာအဟာရဖွံ့ဖြိုးမှုသင်တန်း၊ ခေါင်းဆောင်မှုသင်တန်းများကိုလည်း ပို့ချပေးခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ လွတ်တော်ရေးရာဌာန ဌာနမှူး ခွန်အောင်နိုင် က လွတ်တော်ရေးရာအကြောင်းအရာများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ မီး စသည့်အခြားဒေသဖွံ့ဖြိုးရေးလုပ်ငန်းများရရှိအောင် ကွင်းဆင်းအချက်အလက်များကောက်ယူပြီး သက်ဆိုင်ရာ လွတ်တော်ကိုယ်စားလှယ်ထံ တင်ပြပြီး ပြည်သူလူထုများ၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အကျယ်တ၀င့်ပြောကြားခဲ့ပါသည်။ စည်းရုံးရေးဌာန  နန်းခမ်းဗွာ  က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးရှိ ဌာန (၁၁) ခု၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အမျိုးသားရေးအတွက် လှုပ်ရှားမှုများ စသည့်အကြောင်းအရာများကို အကျဉ်းချုပ်ပြောကြားပေးခဲ့ပါသည်။

ရပ်စောက်မြို့နယ်၊ ပါတီ ဒု - ဥက္ကဌ ခွန်ကျော်ဟိန်း က ကျေးဇူးတင်စကားပြောကြားရာ ယခုလိုမအားလပ်သည့်ကြားက အားအောင်တက်ရောက်ပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပေးခဲ့ပါသည်။ အဆိုပါလူထုတွေ့ဆုံပွဲကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်း၊ ရပ်စောက်မြို့နယ် မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဗဟိုဌာနချုပ်ရုံးရှိ လွတ်တော်ရေးရာဌာန၊ လေ့ကျင့်ပညာပေးရေးဌာန၊ ပြည်သူ့ဆက်ဆံရေးဌာန၊ စည်းရုံးရေးဌာန တို့မှ ဌာနမှူးများ၊ ရပ်စောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုများ (၉၀) ခန့်တက်ရောက်ကြောင်းသိရှိရပါသည်။

နန်းအိနြေ္ဒခမ်း
Powered by Blogger.