ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာ ပြည်သူ့ရဲစခန်းရှေ့တောင်ကြီး-လွယ်ကော်ကားလမ်း၊ အောင်ဇေယျရပ်ကွက်တွင် (ပညာရတနာ)ကိုယ်ပိုင်အထက်တန်းကျောင်းကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှ၍ ပထမဦးစွာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
တောင်းကြီး-ဟိုပုံး-လွယ်ကော်ကားလမ်းတစ်လျှောက်မှာ ဆရာတို့သိရသလောက် ကိုယ်ပိုင်အထက်တန်းကျောင်း ဖွင့်လှစ်ထားတာ မတွေ့သေးဘူး ကျောင်းပြီးလို့ အလုပ်လက်မဲ့ဖြစ်တဲ့ ဒေသခံ ဘွဲ့ရလူငယ်တွေ အလုပ်အကိုင်ရရှိအောင် ပညာရးဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ကိုင်နိုင်အောင် ပညာတတ်လူငယ်များ မွေးထုတ်နိုင်ရန် ရည်ရွယ်၍ ကျေးလက်ကိုယ်ပိုင်အထက်တန်းကျောင်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ကျောင်းတာဝန်ခံ ဆရာဦးရဲနိုင်ပြောကြားချက်အရ သိရှိရပါသည်။
ဒီကျောင်းကို စဖွင့်တာကတော့ ၁-၆-၂၀၁၈နေ့ကပေါ့ ကျောင်းသား/သူ တွေကို လက်ခံတာက အကန့်အသတ်မရှိပါဘူး၊ ရပ်နီး၊ ရပ်ဝေးမှကျောင်းသားမျာအားလုံးကို လက်ခံပါတယ် လောလောဆယ်မှာတော့ ကျောင်းဆရာ/မ က(၈)ဦး၊ ကျောင်းသား၊သူ (၃၃)ဦးပဲရှိသေးတယ် တက္ကသိုလ်ဝင်တန်းတွေ လာအုံးမယ်ထင်တာဘဲ ကျောင်းအပ်ချင်တဲ့ ကျောင်းသားမိဘများအနေဖြင့် ပညာရတနာ ကိုယ်ပိုင်အထက်တန်းကျောင်း ဖုန်းနံပါတ်-၀၉၄၄၂၆၃၄၅၅၂-ကို ဆက်သွယ်မေးမြန်းနိုင်ပါကျောင်း ဆရာမ ပြောကြားချက်အရ သိရှိရပါသည်။ ၎င်းကျောင်းကို တက်ရောက်ပညာသင်ယူသည့် လူငယ်များကို အကောင်းဖြစ်အောင် တတ်နိုင်သမျှ ကြိုးစားသင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ခွန်အောင်ထွိုက်ဗွေ
Like On Facebook
Follow On Twitter
Subscribe On RSS