Sunday, September 9, 2018

(၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူအကျိုးပြုစုပေါင်းသန့်ရှင်းရေးဆောင်ရွက်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်


 

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၄)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဟိုပုံးမြို့မရဲစခန်းနှင့် အမှတ် (၆၀၄) သတင်းတပ်ဖွဲ့စု(ဟိုပုံး)တို့မှ စက်တင်ဘာလ (၉) ရက်နံနက်(၇)နာရီအချိန်တွင် ဟိုပုံးမြို့နယ်၊ ပြည်သူ့ဆေးရုံးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးမင်းဟန်၊ ဟိုပုံးမြို့နယ် မြို့မရဲစခန်းမှူး ဒု-ရဲမှူးကိုဦးနှင့် အမှတ်(၆၀၄)သတင်းတပ်ဖွဲ့စု(ဟိုပုံး)မှ ဒုရဲမှူးတိုးလွင်တို့မှ ဦးဆောင်၍ အရာရှိ (၉)ဦး၊ အခြားအဆင့်ရဲတပ်ဖွဲ့ဝင် အင်အား(၄၀)ဦးဖြင့် ဟိုပုံးမြို့ပြည်သူ့ဆေးရုံကြီးတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ဆေးကုသမှုများ ခံယူနေသည့်ပြည်သူလူထုများအတွက် အမှိုက်များ၏အနံ့အသက်ဆိုးများ မရှိစေရေး၊ ကျန်းမာရေးကောင်းမွန်သည့်နေထိုင်မှုများ ရရှိစေရေးနှင့်ခြင်၊ ယင်များ မခိုအောင်းနိုင်ရန် မြက်ပင်/ချုံနွယ် ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထက်ထက်(ဟိုပုံး)
Powered by Blogger.