Tuesday, October 16, 2018

အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်များ ဒေသစာချီကြွချီ အပူဇော်ခံပွဲတော် (၆)ရက်နေ့မြောက် ညောင်ရွှေမြို့ကျောင်းတော်သို့ ဒေသစာရီကြွချီ


တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်




၂၀၁၈ခုနှစ်၊ အောက်တိုဘာလ(၁၆)၊  အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်အား ဒေသစာရီကြွအပူဇော်ခံပွဲတော် (၆)ရက်နေ့မြောက်ကို ယနေ့ နံနက်(၇း၀၀)နာရီအချိန်တွင်လင်းကင်းဘုန်းတော်ကြီးကျောင်းမှ ဆွဲလှေများဖြင့်စတင်ထွက်ခွာလာပြီးညောင်ရွှေမြို့၊ စက်လှေဆိပ်သို့ နံနက်(၈း၃၀)အချိန်တွင် ရောက်ရှိကာ ထိုမှတစ်ဆင့်အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား လေးဆူအား ဒေသခံရပ်မိရပ်ဖများနှင့် ဧည့်သည်တော်များက မြို့တွင်းသို့ လှည့်လည်ပင့်ဆောင်ပြီးနောက် ညောင်ရွှေမြို့ကျောင်းတော်သို့ ပင့်ဆောင်ခဲ့ကြပါသည်။ ညောင်ရွှေမြို့ကျောင်းတော်တွင် အောက်တိုဘာ(၁၉)ရက်နေ့ထိ အပူဇော်ခံမည်ဖြစ်ပြီး ထိုမှတစ်ဆင့် နန်းသဲကျောင်းသို့ ကြွချီတော်မူမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ အင်းလေးဖေါင်တော်ဦးမြတ်စွာဘုရားအား ညောင်ရွှေမြို့ကျောင်းတော်သို့ ဒေသစာရီကြွချီရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထ်ွနှင့် အဖွဲ့ဝင်များ၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်နှင့် အဖွဲ့များ၊ ညောင်ရွှေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ၊ ညောင်ရွှေမြို့အတွင်းရှိ တာဝန်ရှိဘုရားတပည့်တော်များနှင့် ရပ်နီးရပ်ဝေး ဧည့်သည်တော်များ သွားရောက်ဖူးမြှော်ကြကြောင်း သိရှိရပါသည်။

အင်းလေးဖေါင်တော်ဦးမြတ်စွာဘုရား ဆက်လက်ကြွချီတော်မူမည့် နေရာများမှာ-(၁၉.၁၀.၂၀၁၈)ခုနှစ် နံနက် (၇း၀၀)နာရီအချိန်တွင် ညောင်ရွှေမြို့ကျောင်းတော်မှ နန်းသဲကျောင်း(နေ့ဆွမ်း)၊ နန်းသဲကျောင်းမှ မွန်းလွဲ(၁)နာရီတွင် စတင်ထွက်ခွာကာမိုင်းသောက်ကျောင်းသို့(ညကျိန်း)၊ မိုင်းသောက်ကျောင်းမှ နံနက်(၇း၀၀)နာရီတွင်ထွက်ခွာပြီး သလဲဦးကျောင်းသို့(ညကျိန်း)၊သလဲဦးကျောင်းမှ နံနက်(၇း၀၀)နာရီအချိန်ထွက်ခွာပြီးကေလာကျောင်းသို့(နေ့ဆွမ်း)၊ ကေလာကျောင်းမှ မွန်းလွဲ(၂း၃၀)အချိန်ထွက်ခွာကာ ဇရပ်ကြီးကျောင်းသို့(ညကျိန်း)၊ ဇရပ်ကြီးကျောင်းမှ နံနက်(၇၀၀)နာရီတွင်ထွက်ခွာကာ အလိုတော်ပေါက်(နေ့ဆွမ်း)နှင့် နမ့်ပန်ကျောင်းသို့(ညကျိန်း)၊ နမ့်ပန်ကျောင်းမှ နံနက်(၇း၀၀)နာရီထွက်ခွာပြီး မန်ကျည်းဆိပ်ကျောင်းသို့(နေ့ဆွမ်း)နှင့် ကျိုင်းခမ်းကျောင်းတွင်(ညကျိန်း)၊ ကျိုင်းခမ်းကျောင်းမှ နံနက်(၇း၀၀)နာရီအချိန်တွင် ထွက်ခွာပြီး မိုင်းပျိုးကျောင်းတွင်(ညကျိန်း)၊ ထိုကျောင်းမှ နံနက်(၇း၀၀)နာရီအချိန်တွင် ထွက်ခွါပြီး နောင်တောကျောင်းတွင်(ညကျိန်း)၊ ၎င်းကျောင်းမှ အင်းပေါခုံ(နေ့ဆွမ်း)နှင့် ရေသာကျောင်းတွင်(ညကျိန်း)၊ ထိုကျောင်းမှ နံနက်(၈း၀၀)နာရီအချိန်တွင် စတင်ထွက်ခွာပြီး နမ့်ဟူးကျေးရွာ၊ ဖောင်တော်ဦးရတနာစံကျောင်းသို့ (၂၆.၁၀.၂၀၁၈)ရက်နေ့အထိ  အဆင့်ဆင့် အပူဇော်ခံမည်ဖြစ်ကြောင်း သိရပါသည်။

နန်းခမ်းဗွေ
Powered by Blogger.