Friday, October 5, 2018

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို) ကျန်းမာရေးအထောက်အကူပြုအဖွဲ့နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်းပြီး အခြေခံပြုစုနည်းသင်တန်းအောင်ပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်


 



ကျောက်တလုံးကြီးမြို့နယ်၊ ပင်တွန်ကျေးရွာအုပ်စု၊ ထီခေါင်ကျေးရွာတွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို) ကျန်းမာရေးအထောက်အကူပြုအဖွဲ့နှင့် ရှမ်းပြည်နယ်တောင်ပိုင်းကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်းပြီး အခြေခံပြုစုနည်းသင်တန်းအောင်ပွဲကို ၂၀၁၈-ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

သင်တန်းကျင်းပရခြင်းသည် " အသက်နှင့်ခန္ဓာကိုယ်တည်မြဲစေရန်၊ အခြေအနေပိုမို မဆိုးဝါးစေရန်၊ အမြန်ဆုံးပြန်လည်ကောင်းမွန်စေရန်၊ ဆေးအကူအညီအမြန်ဆုံးရယူစေရန် နှင့် ရုတ်တရက်နာမကျန်းသူများ၊ ကား/ဆိုင်ကယ် Accident ဖြစ်သူများ အချိန်မှီဆေးရုံမရောက်ရှိသူများ၊ ဒုက္ခခံစားရသူများ၊ အခွင့်အရေးများကို ဒေသပြည်သူများတတ်မြောက်နိုင်ရန်နှင့် လက်တွေ့တွင် အချိန်မှီကယ်တင်နိုင်ရန်၊ စစ်ပွဲကြောင့် သော်လည်းကောင်း၊ သဘာဝဘေးဒဏ်ကြောင့် သော်လည်းကောင်း၊ မိသားစုနှင့်အဆက်အသွယ်ပြတ်နေသော ပြည်သူများ မိသားစုနှင့်အမြန်ဆုံးဆက်သွယ်နိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း၊ ခြေတုတပ်ဆင်သူများ နေရေး/ထိုင်ရေး ဆောင်ရွက်ပေးခြင်း စသည့်အရာများကို မိဘပြည်သူများအခွင့်အရေးမဆုံးရှုံးရအောင် ဆောင်ရွက်ပေးခြင်းနှင့် ဒေသအတွက် အထောက်အကူပြုနိုင်ရန်စသည့်ရည်ရွယ်ချက်ဖြင့် သင်တန်းကျင်းပရခြင်းဖြစ်သည်။

အဆိုပါသင်တန်းသည် သင်တန်းနည်းပြများဖြစ်သော ရှမ်းပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ပြည်နယ်မှူး ဦးအောင်ကျော်မိုး၊ မွိုးယံပိ၊ ခွန်အောင်လှ၊ ခွန်ကျော်ဝင်းထွန်း၊ နန်းစန်းဦးတို့ ဦးဆောင်သင်ကြားပေးခဲ့ပြီး သင်တန်းသူ/သား (၄၀)ကျော်တက်ရောက်ကာ သင်တန်းကာလ (၃) ရက်သာ သင်ကြားပို့ချပေးခဲ့ပါသည်။

ထိုသင်တန်းနှင့်ပတ်သက်ပြီး မည်သည့်ဒေသကျေးရွာမဆို ဒေသတောင်းဆိုချက်အရသော်လည်းကောင်း၊ ဒေသလိုအပ်ချက်အရသော်လည်းကောင်း ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို) ကျန်းမာရေးအထောက်အကူပြုထံ ဆက်သွယ်၍ ကျေးရွာအရောက်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

နန်းဆားတဲုင်
Powered by Blogger.