Friday, October 5, 2018

ကျောက်တလုံးကြီးမြို့နယ်၊ ထီခေါင်ကျေးရွာတွင် လူထုတွေ့ဆုံပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်






အထူးဒေသ(၆) ၊ ကျောက်တလုံးကြီးမြို့နယ်၊ ပင်တွန်ကျေးရွာအုပ်စု၊ ထီခေါင်ကျေးရွာတွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု (ဗဟို)  နှင့် ဒေသခံပြည်သူများပူးပေါင်းပြီး လူထုတွေ့ဆုံပွဲကို ၂၀၁၈-ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံရာတွင် ထီခေါင်ကျေးရွာ ဖြားခွန်လာဆန်က အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို) ဒု-ဥက္ကဋ္ဌ ဖြားခွန်မင်းကျော်က ပအိုဝ်းအမျိုးသားရေးရာအကြောင်းအရာများကိုသော်လည်းကောင်း၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို) နန်းခမ်ဗွာ က ပညာရေးနှင့် အမျိုးသမီးရေးရာအကြောင်းအရာများကိုသော်လည်းကောင်း၊ စာ/ယဉ်(ဗဟို) အတွင်းရေးမှူး ဖြားခွန်ထွန်းဖြူက ဥပဒေရေးရာအကြောင်းအရာများကိုသော်လည်းကောင်း၊ စာ/ယဉ်(ဗဟို) စည်းရုံးရေးမှူး ဖြားခွန်ပညာက စည်းလုံညီညွှတ်ရေးအကြောင်းအရာများကိုသော်လည်းကောင်း တာဝန်ရှိပုဂ္ဂိုလ်များက အသီးသီးပြောကြားပေးခဲ့ပါသည်။

ဆက်လက်ပြီး ဒေသခံပြည်သူများကိုယ်စား ဖြားခွန်မောင်ပေက ကျေးဇူးတင်စကားပြောကြားပေးခဲ့ပါသည်။ ထိုတွေ့ဆုံပွဲတွင် ထီခေါင်ကျေးရွာမှ တက်ရောက်သူ (၂၀၀)ခန့်တက်ရောက်ကြောင်းသိရှိရပါသည်။

နန်းဆားတဲုင်
Powered by Blogger.