Monday, October 15, 2018

မျိုးဆက်သစ်လူငယ်များ စွမ်းရည်မြှင့်တင်ပေးခြင်း သင်တန်းပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်



ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တောင်ထီဗွာကျေးရွာအုပ်စု၊ ဝါးလီကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့၌ ဒေသခံမျိုးဆက်သစ်လူငယ်များအတွက် ခေါင်းဆောင်၊ ခေါင်းဆာင်မှုနှင့် အခြေခံစီးပွားရေးအမြင်ဖွင့်  သင်တန်းဖွင့်လှစ်လျှက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား (၄၄)ဦး နှင့်သင်တန်းသူ(၆၂)ဦး စုစုပေါင်း သင်တန်းသား/သူ (၁၀၆)ဦး တက်ရောက်လျှက်ရှိပြီး သင်တန်းဖွင့်ပွဲကို နံနက်(93း0) နာရီအချိန်တွင် စတင်ကျင်းပရာ ဝါးလီ   ကျေးရွာမှ တာဝန်ရှိပုဂ္ဂိုလ်များက သင်တန်းဖွင့်ပွဲအခန်းအနားသို့ တက်ရောက်အားပေးစကားပြောသွားခဲ့ပါသည်။ မိမိတို့ကျေးရွာရှိ လူငယ်များဟာ နောင်တစ်ချိန်မှာ လူကြီးတို့ရဲ့ပခုံးပြောင်းတာဝန်ကို လက်ဆင့်ကမ်းထမ်းဆောင်ရမှာဖြစ်တယ် လူငယ်တိုင်းဟာလည်း အနာဂါတ်မှာ ခေါင်းဆောင်တစ်ယောက်မဖြစ်နိုင်ဘူးလို့ မည်သူကမှတပ်အပ်မပြောနိုင်ဘူးလေ ဒါ့ကြောင့် ပအိုဝ်းအမျိုး သားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးရှိ သင်တန်းနည်းပြများနှင့် ဆက်သွယ်ညှိနှိုင်းပြီး မိမိတို့ကျေးရွာမှာရှိတဲ့ မျိုးဆက်သစ်လူငယ်များအတွက် စွမ်းရည်များတိုးတက်လာစေရန်ရည်ရွယ်ပြီး စွမ်းရည်မြှင့်တင်ပေးခြင်း ခေါင်းဆောင်၊ ခေါင်းဆောင်မှုနှင့် အခြေခံ စီးပွားအမြင်ဖွင့် သင်တန်းကိုပြုလုပ်ရခြင်း ဖြစ်ကြောင်း ဝါးလီကျေးရွာမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ပညာရေးကော်မတီ အတွင်းရေးမှူး ဦးခွန်ကျော်စိန် ကပြောကြားခဲ့ပါသည်။

ယခုသင်တန်းသို့တက်ရောက်လာတဲ့ သင်တန်းသား/သူများသည် မိမိတို့လူမျိုး  မိပအိုဝ်းဖပအိုဝ်းမှမွေးဖွားလာတဲ့ ပအိုဝ်းလူမျိုး မျိုးဆက်သစ်လူငယ်များဖြစ်တယ်၊ နောင်တစ်ချိန်မှာ ရပ်ရွာအတွက်၊ ဒေသအတွက်၊ လူမျိုးနှင့်နိုင်ငံအတွက် အားကိုးအားပြုရတဲ့ ပုဂ္ဂိုလ်များဖြစ်အောင် ရည်ရွယ်ပြီး ယခုသင်တန်းကို အားလုံးပူးပေါင်းပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း   သင်တန်းဖွင့်ပွဲသို့ လာရောက်အားပေးသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပင်လောင်းမြို့နယ်၊ မြို့နယ်ရုံးတာဝန်ခံ ခွန်တီးမောင် ကပြောကြားသွားပါသည်။

ယခုဖွင့်လှစ်တဲ့ သင်တန်းသည် ခေါင်းဆောင်၊ ခေါင်းဆောင်မှုနှင့် အခြေခံစီးပွားရေးအမြင်ဖွင့်သင်တန်းဖြစ်ပြီး လူထုတွင်းစကားပြောစွမ်းရည်၊ ခေါင်းဆောင်နှင့်ခေါင်းဆောင်မှုတို့ရဲ့ ပညာရပ်များ၊ စည်းရုံးခြင်းပညာရပ်များနှင့် စီးပွားရေးနှင့်သက်ဆိုင်တဲ့ အခြေခံအချက်အလက်များကို ဆွေးနွေးပို့ချပေးသွားဖြစ်ကြောင်း၊ သင်တန်းကာလမှာ(၄)ရက်ဖြစ်ပြီး အောက်တိုဘာလ(၁၅)ရက်မှ (၁၈)ရက်နေ့ အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သင်တန်းမှူး ခွန်မောင်ဦး မှ ပြောကြားကြောင်း သိရှိရပါသည်။

ခွန်ကတောင်လေ
(ခမ်းစန္တာဟေ့,)
Powered by Blogger.