Friday, October 19, 2018

ဆီဆိုင်မြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေး

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်



ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ မြို့နယ်သမဝါယမဦးစီးဌာနရုံးရှေ့ ဆီဆိုင်-တောင်ကြီး ပြည်ထောင်စုကားလမ်းမကြီး၌ ဒေသခံတိုင်းရင်းသားပြည်သူများ ခရီးသွားလုပ်သားပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း  သိရှိလိုက်နာစေရန်အတွက်  ၂၀၁၈ခုနှစ်၊ အောက်တိုဘာ (၁၉) ရက်နေ့ နံနက်ပိုင်းက ယာဉ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊မြို့နယ်မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်ပူးပေါင်းသောအဖွဲ့သည် ညအချိန်၌  ဆိုင်ကယ်မောင်းနှင်ပါက ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ကယ်များတွင် ရောင်ပြန်စတေကာများ ကပ်ပေးခြင်း၊ ဆိုင်ကယ်ဦးထုပ်၏ နောက်ကျောဘက်တွင် ရောင်ပြန်စတေကာများ ကပ်ပေးခြင်းနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး (ဆီဆိုင်)
Powered by Blogger.