အဂ္ဂမဟာသီရီသုဓမ္မ မဏိဇောတဓရ ဝဏ္ဏကျော်ထင် ဖြားတန် စင်ဖါအောင်ခမ်းထီ နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မေတ္တာခမ်းတန် စူဠာမုနိစေတီတော်အား ဆွမ်းတော်ကြီး ကပ်လှူခြင်းကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်၊ သီတင်းကျွတ်လဆန်း (၈) ရက်နေ့၊ နံနက်(၅း၃၀) အချိန်တွင် ပြုလုပ်ခဲ့ကြောင်းသည်။
ဆက်လက်၍ နေ့လည် (၁း၃၀) အချိန်တွင် မေတ္တာခမ်းတန် ဓမ္မဗိမာန်တော်ကြီး၌ စူဠာမုနိစေတီတော်အား ဆွမ်းတော်ကြီးကပ်လှူရသော ဒါနကုသိုလ်ကို အမှုထား၍ ကောင်စေတီကျောင်းဆရာတော်ထံမှ သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသီလခံယူကာ ပရိတ်တရားတော်များ နာကြားပြီး ရေစက်ချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
ထို့နောက် ကြွရောက်လာကြသော တရားနာပရိတ်သတ်များက အဂ္ဂမဟာသီရီသုဓမ္မ မဏိဇောတဓရ ဝဏ္ဏကျော်ထင် ဖြားတန် စင်ဖါအောင်ခမ်းထီအား ကန်တော့ခဲ့ပြီးနောက် ခေါင်းဆောင်ကြီးမှ ယနေ့ကျွန်တော်တို့ ပြုလုပ်သော ကုသိုလ်ကောင်းမှုသည် ဆရာတကာများ ပူးပေါင်းလှူဒါန်း သည့်အတွက် အောင်မြင်မှု ရခဲ့ပြီး ဖြစ်ပါကြောင်း၊ ဘာသာရေး၊ သာသနာရေးတို့ကိုလည်း ဆရာတကာအများ ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက် ပေးခဲ့သည့်အတွက် များစွာဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း စသည့်သြ၀ါဒစကားများကို ပြောကြားခဲ့ကြောင်း သိရသည်။
ယနေ့ဆွမ်းတော်ကြီးကပ်ပွဲသို့ ဒေသခံရပ်မိရပ်ဖနှင့်အနယ်နယ်အရပ်ရပ်မှ ဧည့်ပရိသတ် (၅၀၀)ခန့် တက်ရောက်ပူဇော်ကြကြောင်း သိရသည်။
ခွန်ယံသေ
Like On Facebook
Follow On Twitter
Subscribe On RSS