ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ လူမှုရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လူမှုရေးဌာနမှတစ်ဆင့် နိုင်ငံတကာပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် နိုင်ငံရေးပါတီများနှင့် ဆက်နွယ်ပတ်သက်မှုမရှိသော ပါရမီဖွံ့ဖြိုးရေးကွန်ယက်သည် ကနေဒါအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် MEDA (Mennonite Economic Development Associates) အဖွဲ့နှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သော (Improving Market Opportunities For Women) အမျိုးသမီးများအတွက် ဈေးကွက်ဆိုင်ရာအခွင့်အလမ်းများ တိုးတက်ရရှိရေးစီမံကိန်းကို ၂၀၁၆-ခုနှစ်၊ မတ်လ မှ ၂၀၂၀-ခုနှစ်၊ မတ်လအထိ (၄)နှစ် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိနေပါသည်။ ယခုအခါကျန်ရှိနေသည့် (၁)နှစ်ကျော်ကာလကို တစ်နှစ်ချင်းစီစာချုပ်ဖြင့် ထပ်မံခေါ်ယူလျှက်ရှိပြီး စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ဧရိယာများမှာ- ဆီဆိုင်၊ ကျောက်တလုံးကြီး၊ ပင်လောင်း၊ နောင်တရား၊ ညောင်ရွှေနှင့် တောင်ကြီးမြို့နယ်များ ဖြစ်သည်။ ထို့ကြောင့် ဖော်ပြပါအရည်အချင်းပြည့်မှီသူ မည်သူမဆို စိတ်ပါဝင်စားသူများ အောက်ပါအတိုင်း လျှောက်ထားနိုင်ပါကြောင်း..................
ပါရမီဖွံ့ဖြိုးရေးကွန်ယက်(PDN)
Like On Facebook
Follow On Twitter
Subscribe On RSS